Part - 8

1K 111 6
                                        

[ Zawgyi ]

"​တိုက်​သွားတဲ့သူကိုရှာပြီး တရားစွဲလိုက်​ရမလား ဒါရိုက်​တာ​ရှောင်း"

ရှောင်းကျန့်​က ​ခေါင်းရမ်းပြလိုက်​တယ်​။

"ငါ...အနားယူချင်​တယ်​"

"ဟုတ်​ကဲ့...ဒီ​နေ့ appointment ​တွေအကုန်​ ​ရွှေ့ထားလိုက်​ပါ့မယ်​"

ယွီဟန်​က အလိုက်​တသိပဲ ထွက်​သွားဖို့ပြင်​တယ်​။

"ယွီဟန်​...."

"...."

"ပါးကို မ​ပြောနဲ့ဦး...အလကားသက်​သက်​စိတ်​မပူ​စေချင်​လို့"

"ဟုတ်​ကဲ့ စိတ်​ချပါ..ဒါရိုက်​တာ​ရှောင်း"

ရှောင်းကျန့်​က ဒီ​နေ့ မ​တော်​တဆဖြစ်​ရပ်​အတွက်​ အ​လျော်​လည်းမရချင်​သလို တရားလည်းမစွဲဆိုချင်​ဘူး​။

ဘာမှန်းမသိတဲ့ ခံစားချက်​ကြီးကို မတူးဆွချင်​တာ​ကြောင့်​ဖြစ်​တယ်​။

.

_____________________

ပြေးလမ်း​ပေါ်မှာ အရှိန်​ပြင်းပြင်းနဲ့ မရပ်​မနား​ပြေးလွှား​နေတဲ့ ဆိုင်​ကယ်​​လေးရှိတယ်​။ အ​ကွေ့အဝိုက်​​တွေဆို မညှာတမ်း​ကွေ့ဝိုက်​​မောင်းနှင်​မှု​ကြောင့်​ လဲကျတာလည်းအခါခါ။

"ရန်​ချန်း​ကော...ရိ​ပေါ်ကို နားခိုင်းပါဦး"

"နားခိုင်း​နေတာ လွန်​ခဲ့၂နာရီကတည်းကပဲ"

ရန်​ချန်းကလည်း 'ငါတကယ်​မနိုင်​ဘူး'ဆိုတဲ့ပုံစံနဲ့​ပြောတယ်​။

နှစ်​ပတ်​နီးပါး​လောက်​ အိမ်​တွင်းပုန်း​နေတဲ့သူက ရုတ်​တစ်​ရက်​ကြီး ​လေ့ကျင့်​​ရေးဆင်း​နေတာကြီးကလည်း အလွန်​အကျွံ​တွေ။

"မင်းက​ရော မပြန်​​သေးဘူးလား ယွီပင်း"

"ရိ​ပေါ်ကို ​စောင့်​ဦးမယ်​"

"ဘာရှိလို့လဲ"

"အာ..ဒီည ပါတီတစ်​ခုရှိတယ်​​လေ။ ရိ​ပေါ်နဲ့အဲ့အ​ကြောင်း​ပြောမလို့"

ယွီပင်းနဲ့ရန်​ချန်းက ​နောက်​ထပ်​နာရီဝက်​​လောက်​ထိုင်​​စောင့်​အပြီးမှာ​တော့ ​ချွေးသံတရဲရဲနဲ့ရိ​ပေါ်က ကွင်းထဲက​နေထွက်​လာတယ်​။

'NOTHING' Où les histoires vivent. Découvrez maintenant