[Zawgyi]
ရှောင်းကျန့်က အတန်ကြာ လစ်ဟင်းနေတဲ့လူနာခန်းဝမှာ မတ်တပ်ရပ်နေမိတုန်းပဲ။ လုံးဝစွန့်ပစ်ခံရသလို ခံစားချက်ကြီးက ရင်ဝကနေ လည်ပင်းထိစို့တက်လာတယ်။
မေးခွန်းတွေလည်း မရှိတော့ဘူး...
အသက်ရှူလည်း မဝတော့ဘူး....
'ထွက်သွား'ဆိုတဲ့စကားဟာ စိတ်ရင်းအမှန်ဖြစ်နေခဲ့တာပဲ။
သူဟာ တစ်ဖက်လူအတွက် အတော်လေးကို စိတ်ထိခိုက်စရာဖြစ်ခဲ့သလား?
"ဟို....တစ်စိတ်လောက်..."
ရှောင်းကျန့်က အသံလာရာဘေးကို စောင်းငဲ့ကြည့်မိတော့ အစောက သူနာပြုမလေးဖြစ်တယ်။
သူနာပြုမလေးရဲ့အကြည့်က အတော်ထူးဆန်းတယ်။
သနားတာလား...
အံ့ဩတာလား...
အားနာတာလား...
ဘာလဲ...အဲ့တာ ဘာလဲ?!
ရှောင်းကျန့်က တကယ်ပဲနားမလည်နိုင်ခဲ့ဘူး။
ဒါပေမဲ့ သူနာပြုမလေးက စကားတစ်ခွန်းထပ်ပြောလာတဲ့အခါမှာတော့ ရှောင်းကျန့်က အရမ်းကြီးကြိုးစားစရာမလိုဘဲ နောက်ဆုံးမှာ သဘောပေါက်သွားခဲ့တယ်။
ခပ်မြန်မြန်ပဲ ခြေထောက်တွေကိုအလုပ်ပေးလိုက်တယ်။ ခြေလှမ်းတွေဟာ ထပ်ပြီး မြန်မြန်ဆန်ဆန်ဘဲ ဦးတည်ရာကို ဆန့်ကြတယ်။
ရှောင်းကျန့်က သူနာပြုမလေး ပြောတဲ့စကားကိုယုံတာ မယုံတာထက် ရိပေါ်ဟာ သူ့အပေါ်အဲ့လောက် မရက်စက်ဘူးဆိုတဲ့အမှန်တရားကို ယုံတာမို့။
ဘာကအဲ့လောက်သတ်တိတွေရှိလာစေလဲမသိပေမဲ့ ရိပေါ်က သူ့ကိုမျှော်နေမယ်လို့ ခပ်ရေးရေးကလေးထင်နေမိတယ်။
ရှောင်းကျန့်ရဲ့ ခပ်မြန်မြန်ခြေလှမ်းတွေဟာ အခန်းတစ်ခုရှေ့ကိုရောက်တဲ့အခါ တုံ့ခနဲရပ်သွားတယ်။
သူနာပြုမလေးက နံပါတ်တစ်ခုရွတ်ပြလိုက်တယ်။ အခုရှောင်းကျန့်ရပ်နေတဲ့ အခန်းရဲ့နံပါတ်ဖြစ်တယ်။
ရိပေါ်ဟာ ဟောဒီ VIPအခန်းထဲမှာရှိနေပါသတဲ့။
ဆက်ပြီး ဒီတံခါးရှေ့မှာပဲရပ်မနေချင်တော့တဲ့အခါ တံခါးကို ဆွဲဖွင့်လိုက်တယ်။
