Part - 7

1K 100 2
                                        

[ Zawgyi ]

ကုမ္ပဏီထဲကို ခပ်​မတ်​မတ်​​လျှောက်​ဝင်​လာတဲ့ ဒုဥက္ကဌက တကယ့်​ကိုပြည့်​စုံလွန်းတယ်​။ အားလုံးထဲမှာမှ ကိုယ်​​ရောင်​ကိုယ်​ဝါ​တွေ​တောက်​ပ​နေသလိုမျိုးပဲ။

အဆင်း​ရောအချင်းပါပြည့်​စုံလွန်းလို့လည်း နာမည်​ကြီး​နေတာမဆန်း​တော့ပါဘူး။

ဒီလိုလူမျိုးရဲ့လက်​ကိုသာ တွဲခွင့်​ရရင်​​တော့ လုံးဝကိုတင့်​တယ်​​နေမှာ။

"မင်္ဂလာနံနက်​ခင်းပါ ဒုဥက္ကဌ"

လီလီက ဒုဥက္ကဌ​ဘေးအမှီလိုက်​လို့ ​ခေါင်း​လေးညွတ်​ကာနှုတ်​ဆက်​လိုက်​တယ်​။

ဒုဥက္ကဌက သူမရှိရာ​​ခေါင်း​လေး​စောင်းလို့ ပြုံးပြလာတဲ့အခါ လမ်းဆက်​မ​လျှက်​နိုင်​ဘဲ ​နေရာမှာတင်​ငူငူကြီးကျန်​ခဲ့တာပါပဲ။

တကယ့်​ကို အ​တောင်​ပံဝှက်​ထားတဲ့ နတ်​သား​လေး...

သူမဆုံးဖြတ်​ချက်​ လုံးဝ​သေချာသွားပြီ။

ဒီ​နေ့ကစပြီး ဒုဥက္ကဌကိုလိုက်​မယ်​!!

.

.

.

.

"၅မိနစ်​​နေရင်​ အစည်းအ​ဝေးစမယ်​​နော်​ ယွီဟန်​"

"ဟုတ်ကဲ့...​အဆင်​သင့်​ပြင်​ထားလိုက်​ပါ့မယ်​"

"အို​ခေ"

ယွီဟန်ထွက်သွားတာနဲ့ ​​​ရှောင်းကျန့်​က အစည်းအ​ဝေးအတွက်​ မ​နေ့ကသူစစ်​ထားတဲ့ report file​တွေကို တစ်​ချက်​ကြည့်​လိုက်​တယ်​။

"အာ...ဘယ်​လိုကျန်​​နေခဲ့တာလဲ"

စစ်​ကြည့်​​တော့မှ ဖိုင်​တစ်​ခုကတိုက်​ခန်းမှာကျန်​​နေမှန်းသိတာမို့ အမြန်​ပြန်​ယူဖို့ပြင်​ရတယ်​။

၅မိနစ်​ဆို​တော့ မမှီ​လောက်​​ပေမဲ့ မတတ်​နိုင်​ဘူး။ အ​ရေးကြီးတာမို့ သွားယူမှဖြစ်​မယ်​။

ရှောင်းကျန့်​က ကားပါကင်​က ကားကိုထုတ်​ပြီးတဲ့အချိန်​မှာ ဖုန်းလာတာ​ကြောင့်​ လမ်း​ဘေးထိုးရပ်​လိုက်​တယ်​။ ဘယ်​လိုပဲ ဘလူးတုနဲ့ဆိုဆို ကား​မောင်း​နေတုန်းဖုန်းမ​ပြောရဲတာမို့။

'NOTHING' Where stories live. Discover now