Part - 10

1.1K 131 7
                                        


[ Zawgyi ]

"​သေချာ​ပေါက်​ ငါ့​မွေး​နေ့နံပါတ်​ကြီးကို"

တကယ်​ကိုအတည်​​ပေါက်​​ပြော​နေတဲ့ ထိုလူရဲ့စကား​ကြောင့်​ ရိ​ပေါ်ရဲ့မျက်​ခုံးတန်း​တွေဟာ တွန့်​ချိုးသွား​တော့တယ်​။

ဒီလူက ဘာ​တွေကြံ​နေပြန်​ပြီလဲ?

ရိ​ပေါ်က ဘာမှမသိတဲ့ပုံလုပ်​ပြ​နေတဲ့ ထိုလူ့အနားကိုတစ်​လှမ်းချင်းတိုးသွားတယ်​။ ထိုလူရဲ့မျက်​ဝန်း​လေး​တွေက အံ့သြစရာ​ကောင်း​လောက်​​အောင်​ ဟန်​​ဆောင်​မှုကင်းမဲ့​နေတယ်​။

ဟင့်​အင်း...လွယ်​လွယ်​ မယုံ​တော့ဘူး!

.

.

.

ရှောင်းကျန့်​က တစ်​ဖြည်းဖြည်းနဲ့ အနီးကပ်​ဆုံးအ​နေအထားအထိ တစ်​​ရွေ့​ရွေ့တိုးလာတဲ့​ကောင်​​လေး​ကြောင့်​ အလိုလို​နေရင်း ​နောက်​ကိုဆုတ်​မိတယ်​။

သေချာ​ပေါက်​ ငါ့​မွေး​နေ့နံပါတ်​....

အာ...မဟုတ်​တာများလား?

ကျောပြင်​က နံရံနဲ့ထိကပ်​သွားတဲ့အခါ ထပ်​ပြီးဆုတ်​​ပြေးစရာမရှိ​တော့မှန်းသိလိုက်​ရတယ်​။

ဒါ​ပေမဲ့ ​​အ​ရှေ့က​ကောင်​​လေးရဲ့ မျက်​နှာက​တော့ သူနဲ့နီးသထက်​နီးလာ​နေတုန်းပဲ။ ညို့အားပြင်းလွန်းတဲ့မျက်​ဝန်းညို​တွေကို စိုက်​မကြည့်​နိုင်​တဲ့အခါ ​ရှောင်းကျန့်​အကြည့်​က မျက်​ခုံးရိုး​တွေ​ပေါ်​ရောက်​တယ်​။

အလိုမကျစွာတွန့်​ချိုး​နေတဲ့ ထို​ကောင်​​လေးရဲ့မျက်​ခုံးရိုး​တွေကိုမြင်​ရတဲ့အခါ ​ရှောင်းကျန့်​မှာ စိတ်​မသက်​မသာဖြစ်​ရတယ်​။

မသိလိုက်​ခင်​မှာဘဲ ​ရှောင်းကျန့်​ရဲ့လက်​မ​လေးဟာ ထို​ကောင်​​လေးရဲ့မျက်​ခုံးရိုး​တွေကို ခပ်ဖွဖွ​လေး​ပွတ်​ဆွဲမိသွားတယ်​။

တကယ့်​ကိုခပ်​ဖွဖွ​လေး။ သက်​ပြင်း​မော​လေးပါ လွှတ်​လိုက်​မိတဲ့အခါ ​ရှောင်းကျန့်​​ရဲ့လေ​ငွေ့​နွေး​နွေးက ရိ​ပေါ်ရဲ့မျက်​နှာကိုပါးပါး​လေး လာရိုက်​တယ်​။

'NOTHING' Where stories live. Discover now