Part - 17

1.1K 147 13
                                        

[ Zawgyi ]

အခန်းတံခါးဝ​ရောက်​တဲ့အထိ ရိ​ပေါ်က​ရှောင်းကျန့်​လက်​ကိုမလွှတ်​​ပေးသလို ​ရှောင်းကျန့်​ကလည်းလွှတ်​​ပေးဖို့မ​ပြောမိဘူး။
လွတ်​​နေတဲ့လက်​တစ်​ဖက်​နဲ့ပဲ ​ရှောင်းကျန့်​က တံခါးပတ်​စ်​ကုဒ်​ကိုရိုက်​မလို့ပြင်​လိုက်​တယ်​။

ဒါ​ပေမဲ့ တံခါးဆီလှမ်းမဲ့လက်​​တွေက မဝံ့မရဲ​နောက်​ကိုပြန်​ဆုတ်​သွားတယ်​။ ပြီးတာနဲ့ရိ​ပေါ်မျက်​နှာကိုလှမ်းကြည့်​တယ်​။ ​အောက်​နှုတ်​ခမ်း​လေးကိုခက်​ဖွဖွကိုက်​ပြီး ​တွေ​ဝေ​နေမိတယ်​။

ရှောင်းကျန့်​က နှုတ်​ခမ်းကိုက်​လိုက်​တာကိုရိ​ပေါ်က ​သေချာ​ပေါက်​မြင်​လိုက်​တယ်​။ ရိ​ပေါ်က ​သူ့အိတ်​ကပ်​ထဲမှာရှိ​နေတဲ့​ရှောင်းကျန့်​လက်​က​လေးကိုဖိညှစ်​မိသွားတယ်​။

"ဘာဖြစ်​လို့လဲ"

"ဟင်​..."

"ဘာဖြစ်​လို့ အခန်းတံခါးမဖွင့်​​သေးတာလဲ"

"အာ..."

"ကျွန်​​တော်​ရှိ​နေလို့လား"

"မဟုတ်​ဘူး မဟုတ်​ဘူး...ဟို...ကိုယ်​ ပတ်​စ်​ကုဒ်​မ​ပြောင်းရ​သေးလို့"

"..."

ရိ​ပေါ်က တိတ်​ဆိတ်​​နေတဲ့အခါ ​ရှောင်းကျန့်​ကပျာပျာသလဲနဲ့ ရိ​ပေါ်လက်​ထဲကသူ့လက်​တစ်​ဖက်​ကိုရုန်းထွက်​ဖို့လုပ်​တယ်​။ ဒါ​ပေမဲ့အရာမထင်​ခဲ့ဘူး။ ရိ​ပေါ်ရဲ့လက်​ဖဝါး​တွေဟာ သိပ်​ကြီးလွန်းတယ်​။

"တစ်​မျိုးမထင်​ပါနဲ့...ကိုယ့်​အတွက်​က ဒီနံပါတ်​ကမှတ်​ရအလွယ်​ဆုံးဖြစ်​​နေတာရယ်​ ​ပြောင်းဖို့​မေ့​နေတာရယ်​​ကြောင့်​ပါ"

"..."

"ဒီတစ်​ခါ​တော့ တကယ်​​ပြောင်းလိုက်​ပါ့မယ်​"

"ထားလိုက်​..."

"ဟင်​..."

"ခင်​ဗျားအတွက်​လွယ်​တယ်​ဆို...?"

"အာ...အင်း။ အဲ့လိုလည်း အဆင်​​ပြေတယ်​လား"

ရှောင်းကျန့်​ရဲ့အ​မေးမှာ ရိ​ပေါ်က​ခေါင်းကိုမဆိုင်းမတွညိတ်​ပြတယ်​။

'NOTHING' Where stories live. Discover now