Part - 3

1.3K 123 5
                                        

[Zawgyi]

"85ကွ!"

"Tracer 85! 85! 85!"

လူများစွာရဲ့ သြဘာ​ပေးသံများအလယ်​ ဝင့်​ဝင့်​ကြွားကြွားရပ်​ကာ ဆုတံဆိပ်​ကိုကိုင်​​မြှောက်​ထားတယ်​။ နှုတ်​ခမ်းစွန်းတစ်​ဖက်​ကလည်းဆွဲ​ဆောင်​မှုရှိရှိ ​ပြုံး​ယောင်​သန်း​နေ​သေးတယ်​။

ကင်​မရာမီး​ရောင်​တစ်​ဖျတ်​ဖျတ်​ကိုကြားမှာ​တောင်​ အနီးနားက ​မော်​ဒယ်​လ်​မ​လေးကိုမျက်​စိတစ်​ဖက်​မှိတ်​ပြလိုက်​တဲ့ ​ကောင်​​လေးက Tracer​လောကမှာ အသက်​ငယ်​ငယ်​နဲ့အရည်​အချင်းပြည့်​ဝလို့ နာမည်​ရ​နေ​သူ​ဖြစ်​တယ်​။

မျက်​စိမှိတ်​ပြခံလိုက်​ရတဲ့ ​မော်​ဒယ်​လ်​မ​လေးက​တော့ အသားဖြူ ဖြူ တို့ပန်း​ရောင်​သန်းသွားတာ သိပ်​သိသာတယ်​။

ဂျာမနီက ​မော်​ဒယ်​လ်​မ​လေး​တွေက တကယ်​လှတာပဲ။ သူနဲ့ ဘယ်​တုန်းကမှ ကီးမကိုက်တဲ့ရန်ချန်းက ​​​ဒီတစ်​ခါ​တော့ တော်​သွားပြီ။ စင်​​ပေါ်ကဆင်းလို့ ​မော်​ဒယ်​လ်​မ​လေးဆီသွားဖို့ပြင်​လိုက်​တယ်​။ ဂျာမနီမှာနည်းနည်း​လောက်​​ပျော်​ကြတာ​ပေါ့။

"ရိ​ပေါ်...မင်း after partyတက်​ရမှာ​နော်​"

ရိ​ပေါ်အ​ကြောင်းကိုသိသူပီပီ ရန်​ချန်းကသတိ​ပေးလာတယ်​။

"ငါ ဘယ်​တုန်းက after partyတက်​ဖူးလို့လဲ"

"အဲ့တာ​ကြောင့်​ အခုကြို​ပြောတာ​လေ"

"...."

"ဟိုက်​ခွမ်း​ကောက သူ့စီးပွား​ရေးပါတနာ​တွေ​ရော တက်​မှာမို့တဲ့"

"အစ်​ကိုကြီးက?"

ရိ​ပေါ်က စိတ်​ရှုပ်​သလိုမျက်​​မှောင်​ကြုတ်​လိုက်​တယ်​။

ကျစ်​...ဒီလိုစီးပွား​ရေးပွဲ​တွေမုန်းပါတယ်​ဆိုမှ...

"ဘယ်​အချိန်​လဲ"

"၇နာရီ"

!! အခုကို ၅နာရီ​ကျော်​​နေပြီ​လေ...fxxk ဒီလူ​တွေက​တော့!!

ရန်​ချန်းက​တော့ သူ့အမှားမဟုတ်​ဘူးဆိုတဲ့ပုံနဲ့ ပုခုံးတွန့်​ပြတယ်​။

'NOTHING' Where stories live. Discover now