Part - 5

1.1K 102 3
                                        

[ Zawgyi ]

'ချီးပဲ! ​သေမလိုအဲ့​လောက်​ နှိပ်​​နေရတာလား'

အိပ်​​ရေးမဝ​သေးခင်​ လူ​ခေါ်ဘဲလ်​ကို တဂွမ်​ဂွမ်​တီး​နေတဲ့ အိမ်​​ရှေ့ကလူ​ကြောင့်​ မျက်​လုံး​တွေအတင်းဖွင့်​လို့ စိတ်​ရှုပ်​စွာ ကျိန်​ဆဲမိတယ်​။

"ဘာကိစ္စလဲ"

တံခါးကို စိတ်​မရှည်​စွာဆွဲဖွင့်​လို့ တိုတိုပြတ်​ပြတ်​​မေးလိုက်​တယ်​။

"​မေးမှ​မေးတတ်​တယ်​ ဝမ်​ရိ​ပေါ်ရယ်​...မင်း ​လေ့ကျင့်​​ရေးမဆင်းတာ ဘယ်​​လောက်​ကြာပြီမို့လို့လဲကွာ"

"ကျစ်​...အိပ်​​ရေးမဝ​သေးဘူး လစ်​​တော့"

"လစ်​လို့မရဘူး...မင်းဟိုက်​ခွမ်း​ကော..."

"မလစ်​လည်း​နေ"

ရိ​ပေါ်က အခန်းတံခါးကို အသံမြည်​​အောင်​​စောင့်​ပိတ်​သွားတယ်​။ ​နားပူတာမကြိုက်​လို့ အဆင်​မြင့်​တိုက်​ခန်း​တွေရဲ့ နားအ​အေးဆုံးအထပ်​ကိုယူထားတာ။ ဒီတိုက်​ရဲ့ ၂၇လွှာက လူသိပ်​မရှိဘူး။ ရိ​ပေါ်ရဲ့ ​ဘေးပတ်​ပတ်​လည်​ဆို အခန်းလွတ်​​တွေချည်း။

သေချာ​ပေါက်​ကို ​အေး​ဆေး​နေချင်​ပါတယ်​ဆို တံခါး​ပေါက်​​ရှေ့​ရောက်​ လာပွား​နေတဲ့ မန်​​နေဂျာက တကယ့်​ရိုက်​​ပေါက်​။

ရိ​ပေါ်က စိတ်​မကြည်​ဖြစ်​သွားတာ​ကြောင့်​ ​ရေခဲ​သေတ္တာထဲက ​ရေတစ်​ဗူးကိုဆွဲထုတ်​ပြီး ​သောက်​လိုက်​တယ်​။ အိပ်​​နေတဲ့အရှိန်​ပျက်​​သွားတာ​ကြောင့်​ ​ရေချိုးဖို့ပဲလုပ်​လိုက်​​တော့တယ်​။

တကယ်​ပဲ ရိ​ပေါ် ​လေ့ကျင့်​​ရေးမဆင်းတာ ဂျာမနီကပြန်​​ရောက်​ပြီးကတည်းကဆို တစ်​ပတ်​​ကျော်​​နေပြီ။ စိတ်​နဲ့ အာရုံ​တွေက ​သေချာ​ပေါက်​ ဂျာမနီမှာကျန်​ခဲ့တာဖြစ်​တယ်​။

မုန်းစရာ​ကောင်းတဲ့ အဲ့ဒီလူအ​ကြောင်းမ​တွေးချင်​​ပေမဲ့လည်း ရိ​ပေါ်ရင်​ဘတ်​ထဲပြည့်​​နေတာ အဲ့ဒီလူအ​ကြောင်း​တွေချည်းပဲ။

ဘာလို့များ ဒီ​လောက်​ထိ ရက်​စက်​နိုင်​ရတာလဲ ဆိုတာသိချင်​တယ်​။

'NOTHING' Where stories live. Discover now