[ Zawgyi ]
'ကျန့်ကျန့်...အစားရောသေချာစားရဲ့လား ပိန်သွားသလိုပဲရော်'
ဖုန်းမျက်နှာပြင်တစ်ဖက်က မားကရှောင်းကျန့်ကို သိပ်ကိုစိုးရိမ်နေတယ်။
'အာ...မားစိတ်ထင်လို့ပါ။ ပရောဂျက်စနေတော့ နည်းနည်းခြေများနေလို့ ကိုယ်ရည်စစ်သွားရုံပါပဲ'
'ဒီကလေးကတော့...ပေါက်ကရ ဘယ်က ကိုယ်ရည်စစ်ရမှာတုန်း...ခဏနော် ကျန့်ကျန့် အရှေ့ကတံခါးခေါက်နေလို့'
'မရဘူးဗျာ...ကျွန်တော့်ကိုလည်းခေါ်သွား'
'အဟား..ဟုတ်ပါပြီရှင်'
ရှောင်းကတော်က ဖုန်းကိုကိုင်ကာ အရှေ့ကခေါက်နေတဲ့တံခါးကိုသွားဖွင့်တယ်။
"အို...ချင်းအာပဲ"
"မင်္ဂလာပါ အန်တီ"
ရှောင်းကျန့်က ချင်းအာဆိုတဲ့အသံကြားတာနဲ့ မားကိုချွဲနေရတဲ့အပျော်တောင် ဘယ်ရောက်သွားသလဲမသိတော့။
"အန်တီ့အတွက် အိမ်မှာကိုယ်တိုင်ချက်ထားတာ...အိုက်ယား...ကိုနဲ့ ဗီဒီရိုကောလ်ပဲ"
"အင်းအင်း...ချင်းအာတို့ပြောနှင့်ကြ...မားချိုင့်သွားလှယ်ဦးမယ်"
ရှောင်းကတော်က ချင်းအာလက်ထဲဖုန်းထဲပေးသွားတဲ့အခါ ရှောင်းကျန့်က ချင်းအာနဲ့မျက်နှာချင်းဆိုင်ရတော့တယ်။
'ကိုကနော်...မားကိုကျ မျက်နှာပြပြီး ချင်းအာကိုကျ ဖုန်းတောင်မဆက်တာ ဘယ်နှစ်ရက်ရှိနေပြီလဲ'
'အာ..ဟုတ်လား ဘယ်နှစ်ရက်တောင်ရှိသွားပြီလဲ'
'ကို့....အဲ့ဒါရွဲ့နေတာလား!!'
ရှောင်းကျန့်က ရွဲ့နေတာမဟုတ်ပါ။ ဒီတစ်လော ပရောဂျက်စနေလို့ မအားမလပ်ဖြစ်နေတာတောင် ကောင်လေးအကြောင်းပဲတွေးမိနေလို့ စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေတာ။ ချင်းအာတင်မဟုတ်ဘဲ သူမေ့သွားတဲ့ကိစ္စတော်တော်များများကို ရှိလောက်မယ်။
