[Zawgyi]
ရှောင်းကျန့်က စိတ်နဲ့ကိုယ်နဲ့မကပ်စွာဘဲ မျက်စိရှေ့ကလူနာခန်းတံခါးကို ငေးနေမိတယ်။
အခုချိန်ထိ ရှောင်းကျန့်က ရန်ချန်းထိုင်ခိုင်းထားတဲ့ ရိပေါ်ရဲ့ လူနာခန်းရှေ့က ထိုင်ခုံတန်းလေးမှာရှိနေဖြစ်တုန်း။
ဒါက ဘယ်လိုအခြေအနေလဲ...
ရိပေါ်ကို လွမ်းလွန်းလို့...မျက်နှာမြင်ချင်လွန်းလို့ ဒီအထိလိုက်လာခဲ့တာလေ...
ဘာလို့လဲ....
ဘာကမှားနေခဲ့တာလဲ...
ရှောင်းကျန့်က ဒူးပေါ်ကွေးထောက်ထားတဲ့ လက်တွေနားထိ ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး လက်ဖဝါးတွေကြားမျက်နှာအပ်လိုက်တယ်။
တကယ်ကို မသိတော့ဘူး...
ရိပေါ်ရဲ့ 'ထွက်သွား'ဆိုတဲ့ စကားသံဟာ ဦးဏှောက်ထဲတင်မဟုတ်ဘဲ နှလုံးသားနက်နက်ထိ ပဲ့တင်ထပ်နေတုန်း။
ကောင်လေးက....
ရိပေါ်က သူ့ကိုနှင်ထုတ်လိုက်တာ....
ထပ်မတွေ့ချင်တော့တာ....
အဝေးကို ထွက်သွားဖို့ပြောတာ....
အစိမ်းသက်သက်ခွဲထုတ်ခံလိုက်ရတဲ့ နှလုံးသားပါပဲ။
ဘာလို့လဲ....မစရသေးခင်ကတည်းက ငြီးငွေ့သွားတာလား?...
ရိပေါ်ဆီက ထွက်လာတဲ့အဲ့ဒီ စိမ်းကားတဲ့စကားတစ်ခွန်းဟာ ရှောင်းကျန့်ရင်ကို ဒီလောက်ထိခွဲနိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
ကောင်လေးက သူ့ကို နှင်ထုတ်မဲ့ရက်ရောက်လာလိမ့်မယ်လို့ မတွေးထားမိတာလည်း ဖြစ်တယ်။
အခုလို ရိပေါ်နှုတ်က အေးစက်စက်နှင်တဲ့အခါ တကယ်ပဲထွက်သွားသင့်လားလို့ တွေးကြည့်မိတော့ စူးနင့်နင့်ရင်ဘတ်နဲ့အတူ မျက်ရည်ပူပူတို့က မျက်ဝန်းကနေ အလျင်မပြတ် ပြည့်လျှံကျတယ်။
ဒီစကားတစ်ခွန်းက ဒီလောက်ထိသက်ရောက် မှုကြီးမားပါလျှင် မထင်မှတ်ထားလောက်အောင်ဘဲ ရှောင်းကျန့်ဟာ ရိပေါ်ကိုချစ်မိနေပါပြီ။
သတိမထားမိတဲ့ ဒီအချိန်အတောအတွင်းတွေမှာ ဘယ်လောက်တောင်များ နစ်ဝင်နေခဲ့မိပါလိမ့်...
