Part - 12

1K 156 20
                                        

[ Zawgyi ]

ကျစ်​!!!

ဝမ်​ရိ​ပေါ်က တစ်​​နေကုန်​တကျစ်​ကျစ်​နဲ့ ဘာဖြစ်​​နေတာလဲ?

ဘေးမှာ​နေရတဲ့ ရန်​ချန်းလည်းတစ်​​နေကုန်​ အသက်​ရှူ မ​ချောင်​ပါဘူး။

"ခင်​ဗျား ဘယ်​တုန်းကတည်းက ​ရှောင်းကျန့်​နဲ့သိ​နေတာလဲ"

"​ရှောင်းကျန့်​...?"

ရန်​ချန်းက ရုတ်​တရက်​ ဝမ်​ရိ​ပေါ်ရဲ့မျက်​နှာရှစ်​​ခေါက်​ချိုးနဲ့​မေးခွန်းထုတ်​ခံရတဲ့အခါ ကြက်​သီး​တွေ​တောင်​ဖြန်းသွားတယ်​။

"အာ..ဟိုအလှ..."

"မ​ခေါ်နဲ့!!"

"..."

ဝမ်​ရိ​​ပေါ်ရဲ့ ဟိန်းထွက်​လာတဲ့အသံ​ကြောင့်​ ရန်​ချန်းမှာရင်​ဘတ်​ဖိလိုက်​ရတယ်​။

ဘုရား...ဘုရား...

"ဘာများမှားလို့လဲကွာ...ငါက ဒီတိုင်းရိုးရိုးသားသား..."

"ခင်​ဗျား ပိုင်​တာလား!"

"မပိုင်​ရပါဘူး မပိုင်​ရပါဘူး..."

ရိ​ပေါ်က ရန်​ချန်းကိုမျက်​​ထောင့်​က​နေလှမ်းကြည့်​ရင်း ဆိုဒါဘူးကို​မော့ချတယ်​။

"ဒါဆို...​ရှောင်း...ဘယ်​သူ?"

"သိစရာမလိုဘူး...လိုရင်းကို​ပြောရင်​ရပြီ"

ငါ...!!!

ဒီနားမှာ ဝမ်​ရိ​ပေါ်ကို​ကောက်​ရိုက်​စရာတစ်​ခုခုမရှိဘူးလား!!??

လက်​ချည်းပဲဆို မလုပ်​ရဲလို့!

ဟူး...

ရန်​ချန်းကမနိုင်​မဲ့အတူတူ​တော့ စိတ်​​လျှော့လိုက်​တယ်​။

"သူအိမ်​​ပြောင်းလာကတည်းက"

"....!!!!?"

ရိ​ပေါ်ရဲ့ အကြည့်​စူးစူး​တွေက ရန်​​ချန်းအ​ပေါ်တည့်​တည့်​မတ်​မတ်​ကြီး​ရောက်​လာပြန်​တယ်​။

ငါ့မှာဘာအပြစ်​ရှိလို့ အဲ့လိုကြီးကြည့်​...

"​နောက်​​နေ့​တွေ လာစရာမလို​တော့ဘူး!"

"...."

ရိ​ပေါ်က ထိုတစ်​ခွန်း​ပြောကာ ပွဲကြည့်​ခုံ​တွေက​နေထသွားတယ်​။

'NOTHING' Where stories live. Discover now