[Zawgyi]
"ရှောင်းကျန့်...မဟုတ်ဘူးမလား?!"
"...."
ရိပေါ်ရဲ့စိုးရိမ်တကြီးမေးခွန်းကို ရှောင်းကျန့်က နားမလည်သေးတဲ့ မျက်ဝန်းဝိုင်းတွေနဲ့ကြည့်တယ်။
ရှောင်းကျန့်ရဲ့ 'ဘာကိုလဲ'ဆိုတဲ့အကြည့်မျိုးမှာ ရိပေါ်က ရှောင်းကျန့်ဆီမှာ တစ်ခုခုကြီးမားဖြစ်နေမလား ဆိုတဲ့ စိုးရိမ်စိတ်တွေကိုကွယ်ဝှက်လို့ စကားလုံးတွေကို မျိုချလိုက်တယ်။
သူဘယ်လိုမှ မမေးရဲပါဘူး...
တစ်ဆက်တည်းမှာပဲ ရိပေါ်ရဲ့စကားဆက်ကိုစောင့်နေတဲ့ ရှောင်းကျန့်ကို ခေါင်းယမ်းပြလိုက်တယ်။
ဆွဲထားတဲ့လက်တွေကတော့ မလွှတ်သေးဘူး။
"ရိပေါ်လည်း နားရင်နားတော့လေ"
ရိပေါ်ဘက်က ပြောစရာမရှိတဲ့အခါ ရှောင်းကျန့်က မျက်နှာမကောင်းစွာပြောလာတယ်။
ရိပေါ်ရဲ့ဆွဲထားတဲ့လက်တွေကို သဘောကျပေမဲ့လည်း သူတို့နှစ်ယောက် ရိပေါ်ဘက်က သူ့ကိုပြောစရာ စကားမရှိတော့ဘူးလေ။
ရှောင်းကျန့်စကားဆုံးသွားပေမဲ့ ရိပေါ်က ရှောင်းကျန့်ရဲ့လက်ကို လွှတ်မပေးခဲ့ဘူး။
ရှောင်းကျန့်က သူ့ကိုဆွဲထားတဲ့ရိပေါ်လက်တွေကိုကြည့်လိုက်တဲ့အခါ ရိပေါ်က ကိုင်ထားတဲ့လက်တွေကို ပိုပြီး တင်းကြပ်လိုက်တယ်။
ရှောင်းကျန့်က အံအားသင့်စွာ ရိပေါ်မျက်ဝန်းတွေဆီ ကြည့်မိတော့ ရိပေါ်က မျက်နှာလေးစောင်းလို့ အကြည့်လွှဲသွားတယ်။
"ခင်ဗျား လုပ်လိုက်တာ ညစ်ပတ်သွားပြီ"
ရိပေါ်က ဖိတ်စင်နေတဲ့ နွားနို့အရည်တွေနဲ့ ပျံ့ကျဲနေတဲ့ မုန့်တွေကို မျက်စပစ်ရင်းပြောတယ်။
"အင်း"
ရှောင်းကျန့်ရဲ့ စိတ်ကလေးဟာ မုန့်ရတဲ့ကလေးငယ်လိုပဲ ပျော်ရွှင်သွားတယ်။ ခေါင်းလေးကိုဆတ်ခနဲညိတ်လိုက်တာများ တက်ကြွမှုအပြည့်နဲ့။
ရှောင်းကျန့်က ပျံ့ကျဲနေတဲ့ အီကြာကွေးတုံးလေးတွေနဲ့ အသီးတွေကိုကောက်ပြီး အမှိုက်ပုံးထဲထည့်လိုက်တယ်။
