Part-16

1K 96 100
                                    

    "ရှောင်းကျန့်!!"

သတိအစုံတို့ လွတ်ထွက်မသွာခင် ခင်ငြိမ်း၏ စူးရှရှအသံအား ကြားလိုက်ရသည်..။

ထို့နောက်..စိတ်အစဉ်တို့က ‌တိတ်ဆိတ်နေသည့် ညဉ့်မဲ့အချိန်အခါတမျှ အမှောင်ကျသွားတော့လေ၏..။

      *********

ကျန့်ကျန့် အသိဝင်တော့ မိမိခန္ဓာကိုယ်လှုပ်ရှားနေသည်ကို သတိထားမိလေသည်။
စေးကပ်နေသော မျက်လုံးကို အားယူကာဖွင့်ကြည့်တော့ ရှေးဦးစွာမြင်ရသည်မှာ ယောကျာ်းပျိုတစ်ဦး၏ ခပ်ညိုညို ဂုတ်သားကိုပင်..။

သူအလန့်တကြား လှုပ်မိတော့ မိမိမြင်နေရသည့် လည်ဂုတ်ပိုင်ရှင်ဆီမှ အသံထွက်လာသည်။

   "ဟေ့ကောင်..မင်းသတိရလာပြီလား ငြိမ်ငြိမ်နေ ငါမင်းကိုရွာထဲပြန်ခေါ်သွားနေတာ.."

ကြားရသည့်အသံက သူ၏သူငယ်ချင်း ကျိုးချန်၏ အသံပင်ဖြစ်သည်။
ထိုစဉ် တစ်ဆက်တည်းမှာ သူ ရွာပြင်ထန်းတောထဲ၌ မူး၍လဲကျသွားသည်ကို ပြန်အမှတ်ရသွားသည်..။

ကျိုးချန်မှာတော့ သောက်ထား စား‌ထားသမျှ ကျန့်ကျန့် သတိလစ်သွားသည့်အချိန်မှစ၍ အမူးပင်ပြေနေပြီဖြစ်သည်။

    "ကျိုးချန်..ကျိုးချန်..ရပ်.."

သူ့အား ကျောပိုးကာ ကြမ်းတမ်းသော ကျောက်စလစ်ခဲများနှင့်ပြည့်နှက်နေသော လမ်းကျဉ်းလေးထဲမှ ပြေးလွှားနေသော ကျိုးချန်အား ကျောကုန်းကို အသာပုတ်၍ ရပ်ခိုင်းလိုက်သည်..။

    "ဘာရပ်လုပ်မှာလဲ မင်းကို ကျန်းမာရေးမှူးဆရာလေးဆီ ခေါ်သွားပေးနေတယ်လေ..ဒီလောက် လူတစ်ကိုယ်လုံး မူးလဲထားတာတောင် ကပျက်ကချော်က လုပ်ချင်သေးလား"

ကျိုးချန်၏ ဂရုဏာဒေါသောကို အသိအမှတ်ပြု၍ ကျန့်ကျန့် ခေါင်းကလေး အသာအယာယမ်းရင်း ‌လေခပ်အေးအေးဖြင့်သာ ဆို၏..။

     "မဟုတ်ပါဘူး ကျိုးချန်ရာ..ခု ခဏလေးရပ်ပြီး ငါ့ကိုအောက်ချပေးပါ.."

ထိုအခါမှ ပြေးလွှားနေသည့် ခန္ဓာကိုယ်လေးက ရပ်သွားပြီး သူ့ခြေထောက် မြေပြင်ပေါ်သို့ ရောက်သည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)जहाँ कहानियाँ रहती हैं। अभी खोजें