Part-4

1.2K 111 8
                                    


Unicode

    "အိမ်မြှောင်ချီးက ဘာလို့အဖြူနဲ့အမည်းနဲ့စပ်ထားရတာလဲ အမေ"

   "ကျန့်ကျန့် နင်မတော်သေးဘူးလား တစ်မနက်လုံး နင်ဒါမေးနေတာ ကိုးရာကိုးဆယ့်ကိုးကြိမ်ရှိနေပြီ"

ဒေါ်ရွှေ‌နှင်းဆီ နားပူလွန်းတာကြောင့် ကျန့်ကျန့်ကို အော်ချလိုက်သည်။ ပေါက်ကရမေးတတ်လွန်းသည့် သားဖြစ်သူအကြောင်း သူမ အသိဆုံးဖြစ်ပေမယ့် ဒီတစ်ခါ ပေါက်ကရ ဖြစ်လွန်းတာကတော့ ဟိုဘက်ကမ်းတောင် လွန်ထွက်နေသေးသည်။

      "အမေက ကျုပ် ဘယ်နှခေါက်မေးတယ်ဆိုတာ ‌မှတ်မိတယ်လား ဝါးးးး "

"တယ်.."

ဒီတစ်ခါတော့ ဒေါ်ရွှေနှင်းဆီ သူမလက်ဆစ်နှင့် ကျန့်ကျန့်ခေါင်းထိပ်ကို ညားစေလိုက်သည်။
ခေါင်းထိပ်ကို သားရေပင်နှင့် စည်းထားတာကြောင့် ပြောင်နေသည့် နဖူးလေးက တခဏချင်းရဲတက်လာပြီး နာသွားသော နဖူးလေးကို သူ့လက်လေးနှင့် ကျန့်ကျန့်က အသာပွတ်ရင်း ရှုံ့မဲ့နေသည့် မျက်နှာထားလေးဖြင့်..

    "ကျုပ်အမေ့ကို စိတ်ဆိုးတယ်"

    "ဟော့်တော်..."

မျက်နှာကိုရှုံ့ကာမဲ့ကာ ‌အောက်နှုတ်ခမ်းကို ရှေ့ထုတ်ပြီး စိတ်ဆိုးဟန်ပြသော သားဖြစ်သူကိုကြည့်ရင်း ဒေါ်ရွှေနှင်းဆီ အသည်းယားလာသည်။
တကယ်ချစ်စရာကောင်းအောင် လုပ်တတ်သည့်သူလေးပါလေ...။

    "အေးပါ အေးပါအေ ကျုပ်မှားပါတယ် စိတ်တော့မဆိုးလိုက်ပါနဲ့ ကိုယ်တော်ချောရယ်"

ဒေါ်ရွှေနှင်းဆီ လက်မြှောင့်ရသည်။ ကျန့်ကျန့်ဆိုသည်မှာ ဘယ်အရာမဆို မေ့လွယ်ပျောက်လွယ်သုံးစက္ကန့် မှတ်ဉာဏ်သာရှိသော်လည်း တကယ်စိတ်ဆိုးပြီဆိုရင်တော့ဖြင့် တော်တော်နှင့် ချော့လို့မရတာကြောင့် ဒေါ်ရွှေနှင်းဆီလန့်ရခြင်းလည်း ဖြစ်သည်။

     "အမေက ကျုပ်ကိုဆို ထုမယ်ထောင်းမယ် ဆူမယ် ပူမယ်ပဲသိတာ ကျုပ်ရဲ့ သိချင်စိတ်ကိုကျတော့ မြေတောင်မမြှောက်ပေးဘူး အဲ့ကြောင့် အမေ့ကို ကျုပ်စိတ်ဆိုးတယ်"

ကျန့်ကျန့်က တကယ်ကို စိတ်ဆိုးမာန်ဆိုး ပြောနေတာဖြစ်တာကြောင့် ဒေါ်ရွှေနှင်းဆီ သူမရဲ့ ပြောင်စပ်စပ် မျက်နှာထားကို အပိုးသတ်လိုက်ရသည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Unde poveștirile trăiesc. Descoperă acum