Part-2

1.7K 174 21
                                    

Unicode

    "ဟယ်..စံပယ်ပါလား"

     "ဟင်..နှင်းဆီ.."

အိမ်ပေါက်ဝဝင်ဝင်ချင်းမှာ မြို့သူတီတီနဲ့အမေတို့ အာဗြဲသံကြီးနဲ့ နှုတ်ဆက်ကြတာကြောင့်ကျန့်ကျန့် နားနှစ်ဖက်ကို ပိတ်ထားလိုက်သည်။

    "ဟဲ့ ရွှေနှင်းဆီ ညဉ်းအတော်လှလာတာပဲ"

     "ညဉ်းလည်းချောလာပါတယ်နော်..လာ ထိုင်ကြပါဦး ‌ငါရေသွားယူပေးမယ်"

အမေက မီးဖိုချောင်ထဲဝင်ပြီး ခဏနေတော့ ရေခွက်၃ခွက်ကိုယူလာပြီးပြန်လာသည်
ရေခွက်များကို စားပွဲပေါ်တင်လိုက်ပြီး မြို့သူတီတီဘေးမှာ ဝင်ထိုင်လိုက်၍

"အယ် ဒီကလေးနှစ်ယောက်က နင့်သားတွေလား စံပယ်"

အမေက မြို့သူတီတီကို ကျန့်ကျန့်ဘေးက အစ်ကိုနှစ်ယောက်အကြောင်း မေးငေါ့ကာမေးပါသည်။

   "အေးလေ ဒါက သားကြီးဟောက်ရွမ်း ဒါကသားငယ်ရိပေါ်"

    "အမယ်လေး သိပါ့ သိပါ့ စောနက သူတို့နှစ်ယောက် ကျန့်ကျန့်နဲ့လိုက်လာတယ်လေ"

    "ဟဲ့နှင်းဆီ ဒီချစ်စရာကလေးလေးက နင့်သားလား အောင်မလေး ဒီလောက်ချစ်စရာကောင်းနေတာ ဘယ်သူ့သားများလဲလို့ နင့်သားဖြစ်နေတာကိုဟဲ့"

    "အဟီး.."

ရှောင်းကျန့်က သွား၃၂ချောင်းပေါ်အောင် ရယ်ပြသည်။ ဒါကိုလည်း မြို့သူတီတီက အသည်းယားတာဖြစ်မည်။

ဘုန်းကြီးကျောင်းက ကျန့်ကျန့်အိမ်ကိုလာတဲ့တစ်လျှောက်မှာ မြို့သူတီတီက သူ့ကိုအဒေါ်လို့ မခေါ်ပါနဲ့ဆိုလို့ တီတီလို့ပြောင်းခေါ်လိုက်ရသေး..။

တီတီလို့ခေါ်ရင် ရေခဲမုန့်ကျွေးမယ်တဲ့ အဟိ။

    "သားငယ်လေးက ချစ်စရာလေးဟယ် ငါရန်ကုန်ပြန်ရင် ခေါ်သွားချင်လိုက်တာ"

    "အမယ်လေး မိစံပယ်ရယ် မြွေပွေးကို ခါးပိုက် မပိုက်ချင်စမ်းပါနဲ့ နေ့တိုင်းသူရှာတဲ့ ပြဿနာလိုက်ရှင်းနေရတာနဲ့တင် အရင်းပြုတ်တယ်"

    "အမေနော်.."

‌ကျန့်ကျန့် အမေ့ဆီ ‌မျက်စောင်းတွေလှမ်းထိုးပြီး အောက်နှုတ်ခမ်းကိုရှေ့ထုတ်ထားလိုက်သည်။ အမေကမဟုတ်လို့လားဆိုတဲ့ပုံစံနှင့် လှမ်းကြည့်သည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now