Part-17

1K 96 123
                                    

Unicode

"အချစ်ကိုကြောက်ရင် အခြောက်ကိုချစ်ပါ ညီမလေးတို့ အေ့.."

ခြံဝမှ ထန်းရည်မူးသမားတစ်ယောက်၏ အသံကြောင့် ကျန့်ကျန့် ခင်ငြိမ်းနှင့်စကားပြောနေရာမှ လန့်သွား၏..။
ရုတ်တရက် တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်မှာ ဤကဲ့သို့ အော်ဟစ်ပြောဆိုနေသည့် ထန်းရည်မူးသမားတွေကို ကျန့်ကျန့်မှန်းပါဘိ..။

ထို့ကြောင့် ကျန့်ကျန့် ထန်းရည်အရသာကို ကြိုက်သော်လည်း အမူးသမားမဖြစ်လို၍ ထန်းရည်အား စွဲစွဲလမ်းလမ်းမသောက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်သာလည်း ရပ်ကွက်ထဲမှ CCTV အလားမှတ်ရသည့် အဒေါ်ကြီးတွေ၏ စကားဝိုင်းမှာ ကျန့်ကျန့်ဟာ လူလိမ္မာလေးတစ်ယောက်အဖြစ် တည်ရှိနိုင်တာပေါ့..။

"အေ့..အချစ်ကိုကြောက်ရင် အခြောက်ကိုချစ်ပါ ခင်ငြိမ်း အေ့.."

"ဟမ်..ဝမ်ကျိုးချန် နင်အကျင့်တွေပျက်လာပါ့လား တစ်နေကုန်မူးရူးနေတာ န့င်အမေအိုကြီးတစ်ယောက်တည်း ဘုန်းကြီးကျောင်းမှာ.."

ခင်ငြိမ်း၏ ဂရုဏာဒေါသောအသံအဆုံး မိမိမုန်းသည့် အမူးသမားက မိမိသူငယ်ချင်းကိုယ်တိုင်ဖြစ်နေလေတော့ ကျန့်ကျန့် သက်မမောကိုချမိသည်။

ဒီကောင်..ဝမ်ကျိုးချန် သူ၏ တိုက်ကြက်ကလေးဆုံးပြီးကတည်းက တစ်နေကုန်ထန်းရည်ကလေးတမြမြနှင့် မူးရူးနေသည်မှာ တစ်လကျော်မျှပင် ရှိပြီဖြစ်သည်။

ငယ်ငယ်ကတည်းက ရင်းနှီးလာသည့် သေဖော်ရှင်ဖက်သာမဟုတ်လျှင် ကျန့်ကျန့်၏ အမေနှင့်အဖေကပါ ကျန့်ကျန့်ကို ကျိုးချန်နှင့်ပေါင်းခိုင်းမည်မဟုတ်..။

"ဟေ့ကောင်..ကျိုးချန် မင်းတိုက်ကြက်သေသွားတာ မင်းရည်းစားသေတာကျနေတာပဲ မင်းလည်း မအိုဆေးနဲ့သင်္ချိုင်းကုန်းကို လက်မှတ်ဖြတ်စရာမလိုပဲ ရောက်တော့မယ် သိလား.."

ကျန့်ကျန့် မျက်စောင်းလေးထိုးတော့ ကျိုးချန်က သူ့ရဲ့ထန်းရည်ပုလင်းကို ကွပ်ပျစ်ပေါ်တင်၍ ကျန့်ကျန့်အား အရက်ခိုးလှိုက်ထနေသော ရီဝေမူးယစ်သည့် မျက်လုံးအိမ်ဖြစ်ကြည့်လျက် ဆိုသည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now