EP-9

864 93 18
                                    

သကြားလုံး
မုန့်နှင့် စာရေးကိရိယာပစ္စည်းရောင်းဝယ်ရေး

     "ကျွန်တော်ကလေ မားထက်လှတဲ့သူကို တွေ့မှ အိမ်ထောင်ပြုမှာ မားရဲ့.."

     "အပိုတွေပါအေ ပြီးရင် ဟုတ်တာလည်းမဟုတ်ဘဲ.."

ငယ်ငယ်ကတည်းက အမေက ရိပေါ်အား အိမ်ထောင်ပြုဖို့ပြောလျှင် ဤသို့ ရိပေါ်က ပြန်ပြောတတ်စမြဲ..။
ယခုလည်း ကုန်စုံဆိုင်တစ်ခုမှ အခကြေးငွေပေးကာ အိမ်ကို ဖုန်းဆက်တော့ အမေလာကိုင်တာနှင့်တိုးတော့ ရိပေါ်မှာ ခပ်လန့်လန့်..။

သတိရ၍ ဖုန်းဆက်သည်မှန်သော်လည်း အစ်ကိုဖြစ်သူသော်လည်းကောင်း၊ အဖေဖြစ်သူသော်လည်းကောင်းကိုသာ ကိုင်စေချင်လေသည်။

သို့သော် သူ့ဆုတောင်းများက မပြည့်ပေ..။
အမေကိုင်တာနှင့်တိုးပြီး ယခုကဲ့သို့ သူ,မကြားချင်ဆုံး အိမ်ထောင်ပြုရမည့်အသံအား ကြားနေရပေသည် ။

    "တကယ်ပြောနေတာ မားရ.."

    "ဟုတ်ပါပြီ..ဟုတ်ပါပြီ..ဒါနဲ့ နှင်းဆီတို့မိသားစုရော နေကောင်းကြရဲ့လား.."

    "ကောင်းတယ် မား..ခုတောင် ကျန့်ကျန့်ပါလာတာမားရ..တယ်လီဖုန်းရှိတဲ့ နေရာကို သူပဲလိုက်ပို့ပေးတာ.."

    "ဟုတ်လား သားငယ်လေးပါလာတာလား..အင်း..အင်း..မင်းတို့နှစ်ယောက် တည့်အောင်နေကြနော် မားက ငါ့သားကို အများကြီး မျှော်လင့်ထားတာ.."

အမေပြောတာကို ရိပေါ် နားမလည်ပေ..။
ဒါက သိပ်ကို ပဟေဠိဆန်လွန်းသည်။

    "မားဘာကိုပြောတာလဲ.."

    "ငါ့သားက ဒီလိုတုံးနေ အ,နေလို့ ကြိုက်မယ့်သူမရှိတာ.."

    "မားနော် သားအမိအချင်းချင်းကို မblameနဲ့.."

   "အေးပါ ဝမ်ရိပေါ်ရယ်..သားသာ အညာကအမေ့အတွက် ‌‌ချွေးမဖြစ်ဖြစ် သမက်လေးဖြစ်ဖြစ် ရှာခဲ့"

   "ဟာ..မား ချွေးမဆို ရတယ်နော်.."

   "အယ်....."

မိခင်၏ အငိုက်ဖမ်းလိုက်ရ၍ ရိပေါ်ပျော်သွားသည်။ အရင်ကဆို အမေထိုသို့ ပြောတိုင်း သူစကားနိုင်မလုပ်နိုင်ခဲ့ပေ..။
ကြည့်ရတာ မိမိ၏ ကျပန်းပြောစွမ်းရည် ပြန်လည်တိုးတက်လာပြီထင်၏..။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now