Part-5

1.1K 117 23
                                    


Unicode

   "လယ်သမားကြီး ဖိုးသာအောင် စပါးခိုးဖို့ သူကျိုးဆောင်
ကိုဖိုးမောင် အလုပ်သမား ပုံးအိတ်လေဖို့ သူကြိုးစား
ဦးဖိုးကျားက ကျောင်းဆရာ ကျူရှင်ဖွင့်လို့ စီးပွားရှာ
မောင်ထွန်းသာ စစ်သားကလေး ခွင့်ယူပြီးတော့ တပ်ကပြေး
ရဲသားကြီးက ကိုလှရွှေ လက်ဖက်ရည်ဆိုင်မှာ ချဲတွက်နေ
ကိုသာဇံ မီးသတ်သမား မီးလောင်ပြင်မှာ ငါးခြောက်ဖုတ်စား
ဦးစိန်ဘက ဆရာဝန် သင်္ချိုင်းကုန်းမှာ ဆိုင်းဘုတ်တင်
တို့လုံမေ မခင်မြ မသာကားကို မီးနီပြ"

ရိပေါ် ရေနံချေးသုတ်ထားသော နှစ်ထပ်သစ်သားအိမ်ရှေ့ ဖြတ်သွားသည့် အချိန်မှာ အိမ်ထဲမှ နှစ်တန်းစာဖတ်သည့် အသံကြားတာကြောင့် ချာခနဲ လှည့်ကြည့်မိသည်။

မိမိနားထဲ ဝင်လာသော နှစ်တန်းစာမှာ ပေါက်ကရစာစဉ် ဖြစ်နေတာကြောင့်  တရားခံမည်သူလဲဆိုတာတော့ ဟိုးအတွင်းထဲကပင် အတပ်သိနေသည်။

တစ်ဆက်တည်း ရိပေါ်ရဲ့ စိတ်ထဲမှာ ကျောင်းမှ နှစ်တန်း ကလေးများ စာကို ဘာ့ကြောင့် လျှောက်ဆိုလဲဆိုသည်ကို သိလေတော့သည်။
တွေ့ဦးမည်။ ဒီလူပြောင်လေးကို။

    "ကျောင်းမှာ ကလေးတွေ စာကို တလွဲတွေ ဆိုပါလား အောက်မေ့တယ် လက်စသတ်တော့ တရားခံက မင်းကိုး"

ကျန့်ကျန့် ခြံထဲမှ အပင်တွေကို ရေလောင်းရင်း ပါးစပ်ထဲရှိရာလျှောက်ရွတ်နေတုန်း ခြံဝမှ အသံကြောင့် လက်ထဲမှ ရေခွက်ကိုပင် လွှတ်ချမိသည်အထိ လန့်သွားသည်။

   "ဒယ်... ဒယ်ဒီ.."

ကျန့်ကျန့် စကားထစ်သွားသည်အထိ လန့်သွားသော်လည်း ရိပေါ်က ခပ်ပြုံးပြုံးပင် ခြံထဲဝင်လာ၍..

    "လာပါဦး ကောင်စုတ်လေး မင်း.. ကလေးတွေကို ဘာတွေလျှောက်သင်လိုက်သေးတုန်း"

ရိပေါ်ခေါ်တော့ ကျန့်ကျန့်က အပြေးတပိုင်းပင် ရိပေါ်နားရောက်လာကာ..

     "ဟင့်အင်း.. ကျွန်တော်မှ စာမသင်ပေးတတ်တာ.."

ဖြူစင်သော မျက်နှာပေးလေးဖြင့် ခေါင်းတွင်တွင်ခါကာ မျက်လုံးပြူးပြူးလေးဖြင့် ကြည့်လာသော ကျန့်ကျန့်ကြောင့် ရိပေါ် သတိပြန် ပြန်ကပ်ရသည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now