Part-24

1K 95 12
                                    

      "မင်းက ဘာလိုချင်တာလဲ ဟမ်!..ငါမေးနေတာ ဖြေလေ ရှောင်းကျန့်!..မင်းက ဘာတွေထပ်လိုချင်နေသေးတာလဲ"

      "ဟင့်အင်း...ဟင့်အင်း..ကျွန်တော်ဘာမှ မသိဘူး ကျွန်တော်ဘာမှ မလုပ်ဘူး..ဟင့်..ကျွန်တော် ဘာမှမသိဘူး"

     "ကျစ်! မင်းထက်ညာပြန်ပြီ"

ရိပေါ် ရှေ့မှာ တုန်တုန်ရီရီဖြင့် ရပ်နေသည့် ကောင်လေးကို တွန်းလိုက်ကာ ခါးပေါ်လိုက်ထောက်၍ သက်ပြင်းချလိုက်သည်။

လွန်ခဲ့သည့် နာရီအနည်းငယ်က ကြောက်လန့်တကြား ဖုန်းဆက်လာသည့် ချာတိတ်ကြောင့် ရိပေါ် သူငယ်ချင်းတွေနှင့် စကားပြောနေရာကနေ ဖုန်းထကိုင်တော့ ကြောက်တယ်ဆိုသည့် စကားတစ်ခွန်းသာ ပြောနေခဲ့တာမို့ လိပ်စာမေးပြီး အမြန်ရောက်လာတော့ အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်သည်ဆိုသည့် သတင်းကို အရင်ကြားရသည်။

လမ်းမပေါ်မှာ တစ်ယောက်တည်း အကြောက်ကြီးကြောက်ကာ မတ်တပ်ရပ်နေသည့် ထိုကောင်လေးကို မြင်ပြီး အနားကပ်သွားတော့ သူက လမ်းဘေးမှာ ပက်လက်လန်နေသည့် ရိပေါ်တို့အိမ်ကကားကို ညွှန်ပြသည်။

ရိပေါ်လည်း အထိတ်တလန့် အခင်းဖြစ်ရာကို ပြေးသွားတော့ အထဲမှာ ညပ်နေသည့်လူများကို ဆေးရုံပို့လိုက်ပြီဖြစ်ကြောင်း ပြောတော့ ချာတိတ်လေးကိုပါ ခေါ်ပြီး တာဝန်ရှိသူတွေ ပြောလိုက်သည့် ဆေးရုံကို မောင်းလာခဲ့သည်။

ဟိုရောက်တော့ ရင်ခွဲရုံက ရိပေါ်အတွက် ဝမ်းနည်းစရာသတင်းတွေကို ချက်ချင်းယူဆောင်လာပေး၏..။

ဦးဝမ်ခန့်ဇော်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါ်စံပယ်ဖြူက မိနစ်ပိုင်းအတွင်းဆုံးပါးသွားကြောင်း..၊ ဝမ်ဟောက်ရွမ်းကလည်း သေလောက်သည့် ဒဏ်ရာမရှိပေမယ့် ဒဏ်ရာပြင်းထန်ရရှိထားကြောင်း ပြောတော့ ဝမ်းနည်းစိတ်နှင့်အတူ ဒေါသတရားက ကြီးစိုးလာသည်နှင့်အမျှ သူ့ဘေးမှာ ပါလာသည့် ချာတိတ်လေးအပေါ် စုပုံချမိသည်။

ညစ်နွမ်းနေသည့် အနီရောင် မာဖလာလေးကို တင်းတင်း ဆုပ်ကိုင်ထားသည့်ကျန့်ကျန့် တစ်ကိုယ်လုံးက တုန်ရီနေသည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Dove le storie prendono vita. Scoprilo ora