Part-18

1K 92 111
                                    


Unicode

"🎼🎵🎶ဒီနှစ်အညာ နွေဦးအခါ နှစ်ယောက်တွဲကာ အတူသွားမှာ~~
ဒီနှစ်အညာ နွေဦးအခါ နှစ်ယောက်တွဲကာ အတူသွားမှာ~~မင်းဘူးက ရွှေစက်တော် ပျော်စရာကောင်းတဲ့ မောင်လိုက်ပို့မှာ🎼🎵🎶"

"အမယ်လေး ဇောက်ဘုတ်!!"

ကျန့်ကျန့် အိပ်နေရာက ဓာတ်စက်အသံကြောင့် လန့်နိုးပြီး ကုတင်ပေါ်က ပြုတ်ကျသည်။ တိုင်ကပ်နာရီအဟောင်းလေးအား လှမ်းကြည့်တော့ မနက်လေးနာရီခွဲ..။

ညက နောက်ကျမှ အိပ်ပျော်ထားသည့်သူပီပီ..အိပ်ရေးမဝတာကြောင့် ကျန့်ကျန့် ဒေါသကထောင်းခနဲပင်..။

ထရမှာလည်း ပျင်းတာကြောင့် ကုတင်ပေါ်ပြန်တက်ပြီး ဖက်လုံးအား ကိုယ်ပေါ်တင်၍ ခေါင်းအုံးနှစ်လုံးကို မိမိနားနှစ်ဖက်၌ ပိတ်ရင်း မျက်လုံးကို ဇွတ်မှိတ်ကာ အိပ်ပျော်နေအောင် ကြိုးစားသည်။

နားထဲသို့ ဂွမ်းစို့ရန် ဂွမ်းစထယူရမှာလည်း ပျင်းတာကြောင့် ခေါင်းအုံးနှစ်လုံးကိုသာ နား၌ပိတ်ရင်း နား၏ဆင်းရဲခြင်းကို ကြိတ်မှိတ်ခံသည်။

သို့သော် "ချစ်ဦးရေ သောကဟူသမျှ အတူတကွ မျှခံစားမယ်" ဆိုသော ဆောင်းဘောက်အသံက နားထဲ၌ မီးစနှင့်ထိုးသလို ခံပြင်းလှသည်။

"အားးး ကယ်ကြပါဦး ဒီမှာ နားမဒိန်းကျင့်ခံနေရပါတယ်ဗျို့.."

ကျန့်ကျန့် ဘယ်လောက်ပဲ ‌အာခေါင်ခြစ်ပြီးအော်ပါစေ..သူ့အသံကဆောင်းဘောက်အသံကို မမှီပေ..။

"မိုးမေလင်း သူကြီးသမီး!! မင်္ဂလာဆောင်တာတောင် လူကို ကောင်းကျိုးမပေးဘူး ချီးပဲ.."

ကျန့်ကျန့် အိပ်ယာထက်ကနေ အော်ပြီး မေတ္တာ‌ပို့သည်။ သို့ပေမယ့် ဓာတ်စက်အသံက ပို၍ပင် ကျယ်လာပေသည်။

သူကြီးသမီး မင်္ဂလာဆောင်ဖြစ်တာကြောင့် တစ်ရွာလုံးက ကာလသား၊ ကာလသမီးတွေ ပျော်နေပေမယ့် ကျန့်ကျန့်တော့မပါ..။

အဘယ့်ကြောင့်ဆိုသော် သူကြီးအိမ်က ကျန့်ကျန့်တို့ အိမ်နှင့်ကပ်နေတာကြောင့် ကောင်းကောင်းအိပ်မရသောကြောင့် ဖြစ်သည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now