Part-14

908 107 69
                                    

Unicode

"ကိုကြီးကျန့် အဲ့ဘက်မှာငါးပေါတယ် အဲ့ဘက်မှာ မျှား.."

ကျန့်ကျန့် အသည်းကွဲနေသဖြင့် ရွာလယ်က သောက်ကလေးတစ်သိုက်ဖြင့် ဘုန်းကြီးကျောင်းဘေးမှ ရေနည်းရိုးလေးတွင် ငါးလာမျှားခြင်းဖြင့် ကုသိုလ်ယူသည်။

ငါးမျှားတာဟာ သူများအသတ်,သတ်တာပဲလို့ပြောလာတယ်လူရှိရင် ကျန့်ကျန့်က သေချာရှင်းပြမှာ..

ငါးမျှားတာဟာ ကုသိုလ်အလုပ်...။

ရေပဲကူးနေရတဲ့ ငါးကလေးတွေ ပျင်းနေမှာစိုးတာကြောင့် အသစ်ဖြစ်သွားအောင် နောင်ဘဝကူးပေးလိုက်တာလို့...။

ကံကောင်းလိုက်သည့် နေ့တစ်နေ့..။
စမျှားကတည်းက နေ့လည်ထိ ငါးတွေအများကြီး...
မပြောနဲ့ တစ်ကောင်တောင် ငါးမျှားချိတ်မှာ လာမချိတ်ဘူး..။

အဲ့ဒီ့ငါးတွေက ဘယ်နိုင်ငံသွားသေနေလဲမှ မသိဘဲ..။

‌ကျန့်ကျန့် မြစ်ကမ်းနံဘေးမှာ ငါးမျှားတံလေးကိုင်ရင်း ငူတူတူလေးထိုင်နေသည်။
ပျင်းလို့ငါးလာမျှားပါတယ်ဆိုမှ ပို၍ပင်ပျင်းနေ၍ ကောင်းပေသည်။

"ကိုကြီးကျန့်ရေ ရေချိုးရအောင်လေ.."

"ဟာ..ဘာလို့ချိုးရမှာလဲ ရေတွေက နောက်ကျိနေတာပဲကို.."

ပုံမှန်ဆိုရင် အသန့်မကြိုက်တတ်သည့် ကျန့်ကျန့်က ဤရိုးမှာ ရေဆော့ဖို့ကိုတော့ ငြင်းသည်။

"လာပါ ကိုကြီးကလည်း ငါးမရရေချိုးပြန်တာပေါ့ အရှုံးမရှိဘူးလေ.."

ကလေးက လူကြီးဆိုက်ဖမ်းပြီး ပြောလာသည့် သောက်ကလေးကို ကျန့်ကျန့် လှမ်းခေါက်ချင်စိတ်ပေါက်သည်။

အင်းပေါ့လေ..။ ရှေးစကားပုံဆိုတာ အလှကြည့်ဖို့ထားခဲ့တာမှ မဟုတ်ဘဲ..။

ကျန့်ကျန့် ဘောင်းဘီတိုဝတ်လာခဲ့သည်မို့ အထူးပြင်စရာမလိုဘဲ ရေထဲကို ခြေချင်းဝတ်လေးမြုပ်ရုံမျှ နှစ်လိုက်၏..။

"ဟို...အကောင်.."

အရှေ့အရပ်မှလာသော အသံစူးစူးကြောင့် ဒါဟာ မည်သူ့အသံလဲ‌ဆိုတာ ပြေးမကြည့်နှင့် တွေးကြည့်ရုံတင်သိသည်မို့ ကျန့်ကျန့် ကုန်းပေါ်အမြန်တက်သည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now