Part-26

1.1K 90 19
                                    


   "Daddy! Daddy!.."

ကျောင်းမှာစာသင်နေရင်း မောသည်ဟုပြောပြီး သတိလစ်သွားသည့် ရိပေါ်ကြောင့် ဒေစီဟွားဖုန်းလှမ်းဆက်၍ ကျန့်ကျန့် ဆေးရုံသို့ အမြန်လိုက်လာသည်။

အသက်ရှူပိုက်တွေနှင့် ကုတင်ပေါ်မှာ လှဲနေသည့် ရိပေါ်ကို ကြည့်ပြီး ကျန့်ကျန့် စိုးရိမ်တကြီး ခေါ်သည်။

သတိရလာပြီဖြစ်သည့် ရိပေါ်က စကားမပြောနိုင်ပေမယ့် မျက်လုံးတွေနှင့် သူ့ကို စိုက်ကြည့်လို့...။

ဆရာဝန်ပြောသွားသည့် စကားတွေက သူ့နားထဲမှာ တဝဲဝဲလည်ပြီး ရစ်သီနေတယ်...။

    "အချိန်မီအလှူရှင် ရှာတွေ့မှဖြစ်မယ် မဟုတ်ရင် လူနာက အခြေအနေကောင်းမယ်မထင်ဘူး ကျွန်တော်တို့လည်း အလှူရှင်ရအောင် ကူရှာပေးနေပါတယ်.."

ဒေစီဟွားခေါ်လာသည့် ဝှီးချဲပေါ်မှ ဝမ်ဟောက်ရွမ်းက သူ့ညီကို ကြည့်ပြီးငိုသည်။

မဖြစ်ဘူး..။ ကျန့်ကျန့် Daddyကို လက်မလွှတ်နိုင်ဘူး..။ daddyသာ သူ့အချစ်ကို ပြန်ပြီးလက်ခံခဲ့လျှင် သူ့မှာ လုပ်စရာတွေ အများကြီရှိသေးတယ်လေ..။

Daddyနဲ့အတူ ပုဂံကိုသွားရဦးမယ်လေ..။ daddyနဲ့အတူ မန္တလေးက မဟာမြတ်မုနိကို သွားဖူးရဦးမယ်လေ..။ Daddyကို ပူဆာပြီး ဦးပိန်တံတားကိုသွားလို့ ဓာတ်ပုံလှလှတွေ ရိုက်ရဦးမယ်‌လေ...။

ဒီအတိုင်း သူ..ဒယ်ဒီ့ကိုလက်လွှတ်နိုင်မည်မထင်ပေ..။ ကိုယ့်ဘက်က အနက်ရှိုင်းဆုံးတန်ဖိုးထားခဲ့ရသူတစ်ယောက်မို့ သေမင်းတမန်လက်ထဲသို့ ချစ်ရသူအား သူလွယ်လွယ်နှင့် ထည့်မပေးချင်..။

တကယ်လို့.... တကယ်လို့ ဘုရားရှင်ဆီမှာ ဆုတောင်းခွင့်ရှိမည်ဆိုလျှင် သူ အသက်ချင်းလဲဖို့ တောင်းဆုတစ်ခုကိုသာ အဖန်ဖန် ‌ရွတ်ဆိုမိမည်ဖြစ်သည်။

နာရီပိုင်းအတွင်းမှာမှ အစားထိုးအလှူရှင်ရှာမတွေ့ခဲ့လျှင်..
ဟင့်အင်း..ဟင့်အင်း.. မဖြစ်ဘူး သူ ချစ်ရသူကို လက်မလွှတ်နိုင်ချေ..။
မဖြစ်ဘူး..သူတစ်ခုခု ကြံရပါလိမ့်မည်..။
ချစ်ရသူ အသက်ရှင်ဖို့ဆိုလျှင် သူတစ်ခုခု လုပ်ရတော့မည်..။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Onde histórias criam vida. Descubra agora