Part-19

1K 110 43
                                    

Unicode

"ရွာထိပ်နားမှာ ရုတ်ရုတ် ရုတ်ရုတ်နဲ့ လူတွေကိုတွေ့ခဲ့တယ် သူကြီး..မှောင်နေတော့ ကျုပ်တို့လည်း သေချာမမြင်လိုက်ဘူး"

ရွာမှ လူကြီးတစ်သိုက် သူကြီးအိမ်၌ အကြမ်း‌ရည်လေးသောက် လက်ဖက်လေးစားရင်း စကားစမြည်ပြောနေသည့် အချိန်တွင် သာဂွရောက်လာကာ ရွာထိပ်က သူမြင်ခဲ့သည့် အရာကို ပြောပြသည်။

မောင်သာဂွအသံက ကျယ်လွန်းသည်ဖြစ်၍ သူကြီးအိမ်၌ စန္ဒာ၏ မင်္ဂလာပွဲအား ဂုဏ်ပြုနေသော လူများပါ ငြိမ်သက်၍ နားထောင်လာကြသည်။

"ဟေ..ဘယ်လိုလူတွေ တွေ့ခဲ့လို့လဲ သာဂွရ.."

သူကြီးက ပို၍ တိကျစွာ သိချင်၍လားမသိ..။
သောက်နေသည့် အကြမ်း‌ရည်ပန်းကန်ကို ကွပ်ပျစ်ပေါ်သို့ ချရင်း မေးသည်။

"တုတ်‌‌တွေ ဓားတွေနဲ့ အယောက်၂၀လောက်တော့ ရှိမယ် သူကြီး.."

သေးသေးညက်ညက် သာဂွက ချက်နဲ့လက်နဲ့ ရှင်းပြလာ၍ သူကြီးက သူ့၏ မရှည်သေးသည့် မုတ်ဆိတ်မွှေးကို ပွတ်ဆွဲရင်း စဉ်းစားခန်းဝင်သည်။

မျက်လုံးတွေ နီရဲအောင် လူအကွယ်မှာ ငိုထားသည့် ကျန့်ကျန့်က ထိုသတင်းကို စိတ်ဝင်စားပုံမပြ..။

ချစ်ရသူ ထွက်သွားတာကြာလှပြီ..။ ဒီအတိုင်းဆိုရင် အပြောင်း‌အရွှေ့‌တင်ပြီး ရန်ကုန်ကို ပြန်ပြောင်းတာတော့ မဟုတ်လောက်ဘူး မလား..။

ကျန့်ကျန့် လုပ်ငန်းသဘောကို နားမလည်ပေမယ့် ဤရွာသို့ ပြောင်းလာသည်မှာ တစ်နှစ်ပင်မကြာသေးသော ချစ်ရသူက ချက်ချင်းကြီး မြို့ကို ပြန်ပြောင်းလို့ ရမယ်မထင်..။

သူ့နားထဲမှာလည်း ကိုသာဂွပြောသည့် စကားများက မကြားတစ်ချက် ကြားတစ်ချက်..။
ရွာထိပ်နားမှာ လက်နက်တွေနဲ့ လူတွေဆိုလား ခွေးတွေဆိုလားပဲ..။

ကြယ်တွေ အောက်မှာ ကျောက်ရုပ်တစ်ရုပ်လို ထိုင်နေသည့် ကျန့်ကျန့်က စိတ်မ‌နှံ့သည့် လူမမာတစ်ယောက်လို..။

ကြယ်တွေမော့ကြည့်နေသည့် သူ့မျက်ဝန်းတွေက အသက်မပါဘဲ မျက်ရည်တွေ ဝေ့သီနေခဲ့သည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now