Part-10

967 98 28
                                    


Unicode

    "ဆရာတော်ဘုရား ညကကျန့်ကျန့် ပြန်မလာလို့ ဒီမှာအိပ်တာလား ဘုရား.."

ဒေါ်ရွှေနှင်းဆီ လက်အုပ်ရိုရိုသေသေချီလို့ ကျောင်းထိုင်ဆရာတော်အား လျှောက်လဲသည်။

ရွာဦးကျောင်းထိုင်ဆရာတော်ဘုရားက ဒေါ်နှင်းဆီ၏စကားကြောင့် မိမိမျက်မှန်အောက်မှ မျက်လုံးကို ပင့်ကာကြည့်သည်။

    "ညက ရှောင်းကျန့် ဒီကိုလာလို့လား.."

   "တင်ပါ့ဘုရား ကျောင်းဆရာလေးကိုလိုက်ပို့ရင်း ညကမိုးရွာလို့ အိမ်ပြန်မလာဘဲ ဒီမှာ အိပ်တယ်လို့ထင်တာဘုရား.."

     "ဟင်.. သူဒီမှာမရှိဘူး မရွှေနှင်းဆီ..ညက ဒီကိုလာမှန်းတောင် ကျုပ်မသိဘူး.."

ဒေါ်ရွှေနှင်းဆီ၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။

ဘုရား..ဘုရား..ချောင်းရေစီးနဲ့များ ပါသွားလေသလား...။

ထိုအချိန်မှာ ကျောင်းသွားဖို့ရာအတွက် အဖြူအစမ်းဝတ်စုံနှင့် ကျောင်းပေါ်တက်လာကာ ဆရာတော်အား လာဦးချသည့် ရိပေါ်ကိုတွေ့တော့ ဒေါ်ရွှေနှင်းဆီ ပျာပျာသလဲ..

   "သားဝမ် .ညက မင်းညီ ဒီမှာအိပ်တာမလားဟင်.."

    "ကျန့်ကျန့်ကို ပြောတာလား အန်တီ..ညကပြန်သွားတယ်မဟုတ်ဘူးလား ကျွန်တော်ကိုယ်တိုင်ကျိုးချန်ကို ပြန်ပို့ခိုင်းလိုက်တာ.."

    "ဘုရား..ဘုရား.."

ဒေါ်ရွှေနှင်းဆီ သူမနားထင်ကို လက်ညိုးဖြင့်ဖိပြီး ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်။

ရိပေါ် ‌ထိုအန်တီနားဝင်ထိုင်ကာ ‌အနောက်မှ ပဲ့ထိန်းပေးသည်။

    "ဟဲ့..မရွှေနှင်းဆီ ညဉ်းသားက ဝမ်ကျိုးချန်ဆီမှာ အိပ်ရင်လည်းအိပ်မှာပေါ့ အဲ့လောက်လည်း မစိုးရိမ်ပါနဲ့ ကျိုးချန်ကို မေးကြည့်ဦး.."

ဆရာတော်က ဒေါ်နှင်းဆီအား စိတ်သက်သာလို သက်သာငြား နှစ်သိမ့်ပေးလေသည်။

    "အန်တီ..ညက ကျန့်ကျန့် ပြန်မလာဘူးလား.."

    "ဟုတ်တယ်သား..ညကမိုးလည်းရွာတယ် ချောင်းရေလည်း ကြီးထားတော့ အန်တီက ကလေးကို ရေစီးတွေဘာတွေနဲ့ မျောပါသွားမှာ ကြောက်တာ.."

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)जहाँ कहानियाँ रहती हैं। अभी खोजें