Part-6

1.1K 121 24
                                    


Unicode

    "ဆွမ်းတော်ဗျို့"

   "သားရေ ကျန့်ကျန့် အမေ့ကို ကူပါဦး ဆွမ်းလောင်းပေးပါဦး"

ရေအိမ်ထဲမှ လှမ်းအော်သည့် အမေ့ကြောင့် ထမင်းကြမ်း ပဲပြုတ်ဆီဆမ်းနှင့် ငြိမ့်နေသည့် ကျန့်ကျန့်တစ်ယောက် ဇိမ်ပျက်သွားလေသည်။

    "အမေကလည်း အဖေတစ်ယောက်လုံး အားနေတာပဲ အဖေ့ကိုလောင်းခိုင်းပါလား"

    "ဟဲ့ နင့်အဖေခေါင်း ညက သနပ်ခါးတုံးထိထားလို့ မူးနေတယ်ဟဲ့ ငါအိမ်သာကောင်းကောင်းတက်ပါရစေဟယ်.."

အမေက ရေအိမ်ထဲမှ ညဉ်းညဉ်းညူညူ ပြောလာတာကြောင့် ကျန့်ကျန့် စုတ်သတ်လိုက်ကာ

     "လောင်းမယ် လောင်းမယ် အမေရေ ကိုယ့်ကိစ္စသာ ကိုယ်ပြီးအောင်ရှင်း"

ကျန့်ကျန့် ထမင်းပန်းကန်ကို ရေစည်နားချလိုက်ကာ ဆွမ်းလောင်းရမည့် ထမင်းနှင့် ဟင်းပန်းကန်ကို ယူ၍ အိမ်ရှေ့သို့ ထွက်လာခဲ့သည်။

အဖေက ပက်လက်ကုလားထိုင်ပေါ်မှာ အိပ်နေပုံရသည်။ ခေါင်းမှာလည်း ဘုကြီးနှင့်..။
အဖေ့ခေါင်းက အနာကိုမြင်တာနှင့် ကျန့်ကျန့် ညကအကြောင်း ပြန်စဉ်းစားမိကာ အသံမထွက်အောင် ရယ်လိုက်သည်။

     "ရှောင်းကျန့် ဆရာတော်က မင်းမလာတာကြာလို့ မေးခိုင်းလိုက်တယ်"

ဆွမ်းလောင်းနေရင်းကနေ ဘုန်းကြီးကျောင်းသား လုပ်နေသည့် ကျိုးချန်က မေးလာတာကြောင့် ကျန့်ကျန့်မျက်လုံးကို လှန်ကြည့်လိုက်သည်။

ကျိုးချန်ရဲ့မိဘတွေက ကျိုးချန်ငယ်ငယ်ကတည်းက ဆုံးပါးသွားကြတာကြောင့် ရွာဦးဘုန်းကြီးကျောင်းထိုင် ဆရာတော်ကပဲ ကျိုးချန်ကို မွေးစားထားခြင်း ဖြစ်ပါတယ်။

    "ငါဒီရက်ပိုင်းမအားသေးလို့ပါကွာ ဘာလဲ ဘဘုန်းက ငါ့ကို သတိတွေ ဇွတ်ရနေပြီမလား"

ကျန့်ကျန့် မခို့တရို့လေးပြောတော့ ကျိုးချန်က ကမ္ဘာ့အစူးရှဆုံး မျက်စောင်းတွေ ပစ်လွှတ်၍

    "မင်းနော် ဆရာတော့်ကို.. အရှင်လတ်လတ် မြေမျိုနေမယ်"

ကျန့်ကျန့် အောက်နှုတ်ခမ်းကို ရှေ့ထုတ်လိုက်သည်။ သူက ဒီအတိုင်းလေး နောက်ကြည့်တာကို...။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now