Part-8

915 105 12
                                    

       "ဒယ်ဒီ~~"

       "ဗျာ.."

        "ဦး.."

        "ဗျ.."

        "ဦးငယ်.."

         "ဗျာ.."

         "ကိုကို"

         "ခင်ဗျ..ယောက်ဖ ."

         "ဂါးးးး ဘာပြောတယ်.."

ကျောင်းဆရာလေး ရိပေါ် ဘုန်းကြီးကျောင်းဆောင်အောက်မှာ စာအုပ်ဖတ်နေတုန်း ကလေးလိုလို ချာတိတ်တစ်ယောက် ဘေးနားမှာ လာရှုပ်နေပါသည်။

ရိပေါ်က သူစနောက်လိုက်တာကြောင့် ရှုးရှုးရှဲရှဲဖြစ်သွားပါသော ချာတိတ်လေးကြောင့် ခပ်ဟဟ ရယ်လိုက်ကာ ဖတ်နေသည့် စာအုပ်ကို ခပ်ဖွဖွပိတ်လိုက်ပြီး..

     "မင်းပဲ ကိုကိုဆို..အဲ့ဒီ့တော့ ကိုယ်က ယောက်ဖလို့ ပြန်ခေါ်တာပေါ့"

   "ဘာမှမဆိုင်ဘူး ဘာကိုယောက်ဖလဲ.."

ကျန့်ကျန့်က စိတ်ဆိုးဟန် နှာမှုတ်ကာ ပြောသည်။ ပြီးတော့ နှုတ်ခမ်းကိုဆူကာ ကိုလူချောဘေးမှာ ဝင်ထိုင်၍ မျက်နှာလွှဲထားသည်။

    "ကိုယ်မင်းကို ပြောပြဖို့မေ့နေတာ.. ကိုယ့်မှာ ညီမဝမ်းကွဲတစ်ယောက် ရှိတယ်သိလား မင်းနဲ့ရွယ်တူပဲ မင်းလိုချင်ရင်ရတယ်နော် ကိုယ်က လှူဖို့ အဆင်သင့်ပဲ.."

    "ရားးးး မယူပါဘူး ကောင်မလေးတွေ စိတ်မဝင်စားဘူး.."

    "ဒါဆို မင်းက ကောင်လေးတွေ စိတ်ဝင်စားတာလား"

     "ဒယ်ဒီ!.."

အမှန်တကယ် စိတ်ရှုပ်နေဟန်တူသော ချာတိတ်လေးကြောင့် ရိပေါ် ထပ်မစတော့ပါ...။
ရွှတ်နောက်နောက် မိမိ၏ ပြုံးစစကို မျက်နှာပေးကို အပိုးသတ်၍..

    "မစတော့ဘူး ချာတိတ်ရ..ဘာလဲ မင်းက စိတ်ဆိုးတာလား"

     "အင်း ဆိုးတယ်"

     "အင်း..အဲ့ဒါဆိုလည်း ခေါ်မှာပဲ ယောက်ဖ.."

     "ဒယ်ဒီ့!.."

    "ဟီး.. ဗျာ့.. ယောက်ဖ.."

မေတ္တာ နှလုံးသားရှင် ကျန့်ကျန့်အတွက် ဤနာမ်စားကြီးက အရမ်းရင်နာရပေသည်။
ကိုလူချောနှင့် အမျိုးတော်ချင်သည်မှန်သော်လည်း ယောက်ဖတော့ မတော်ချင်ပေ..။
ဤနာမ်စားက ရင်နာစရာကောင်းလှပေသည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now