ပိုစ့်အောက်၌ ထိုသို့မန့်ရင်း ဂျောင်ကုက page ၌တင်ထားသည့် အချို့သောပိုစ့်များကိုလိုက်လံကြည့်ရှုနေသည် ။ ထိုအထဲမှ သူသဘောကျသွားသည့် ပိုစ့်မှာ သူတို့နှစ်ယောက်ဝတ်ဆင်ထားကြသည့် ဆင်တူလည်ဆွဲအကြောင်းပြောထားသည့် ပိုစ့်ဖြစ်သည် ။

ပိုစ့်၌ ပြောထားသည်က -

{ လည်ဆွဲရဲ့နာမည်က အချစ်သံသရာမှာလည်ပတ်နေတဲ့ဝေလငါးတွေ လို့အမည်ရတယ် ။ အဲ့ဒါက ရွှေဖြူနဲ့ပြုလုပ်ထားတာဖြစ်ပြီး ချစ်သူတွေကြားဆင်တူဝတ်ဆင်ကြတဲ့ အထိန်းအမှတ်လည်ဆွဲဖြစ်တယ် ။ ဟုတ်ကဲ့...ပြောချင်တာကတော့ They became real ပါနော် 😘 }

အနှီလည်ဆွဲက သူငယ်ချင်းဖြစ်ကြတဲ့အထိန်းအမှတ်အနေဖြင့် ထယ်ယောင်းပေးထားသည့်လည်ဆွဲဖြစ်သည် ။ အခြားအရာများကို သိတိဝင်စားမှုနည်းပါးသည့် ဂျောင်ကုသည်လည်း ၎င်းလည်ဆွဲ၏အဓိပ္ပာယ်ကို တစ်ခါမျှမရှာကြည့်ခဲ့ဖူးပေ ။

အဖြူရောင်ရှပ်အင်္ကျီအောက်တွင် ဖုန်းကွယ်ထားသည့် လည်ဆွဲကို ဂျောင်ကုထုတ်ယူ၍ ပွတ်နေမိသည် ။ ဒီလည်ဆွဲက လုံးဝကိုပထမဆုံးပဲ ။ (ထယ်ယောင်းက သူ့ကိုလက်ဆောင်ပေးတာကိုပြောချင်တာ)

ကျောင်းတက်ခေါင်းလောင်းထိုးတာ အတော်တန်ကြာပြီဖြစ်သော်လည်း အတန်းပိုင်ဆရာယူက စာသင်ခန်းသို့ဝင်မလာသေးချေ ။ ထို့ကြောင့် ကျောင်းသူ၊ကျောင်းသားအများစုသည် စကားများလျှင်များ မဟုတ်လျှင် ဖုန်းကိုင်နေကြသူချည်းသာ ။

ဖုန်းကလိနေကြသူများထဲတွင် ဟီဂျင်ကတစ်ယောက်အပါအဝင်ဖြစ်ပြီး နံဘေးတွင်ထိုင်နေသည့် ဟီယူကတော့ မုန့်ထုပ်များဖောက်စားနေသည် ။ ဂျောင်ကုရေးလိုက်သည့် ကောမန့်သည် ဟီဂျင်ဆီ၌ နိုတီတက်လာတာကြောင့် သူမသည် မယုံနိုင်စွာဖြင့် မျက်လုံးကိုပွတ်လိုက်သည် ။

“ မျက်စိထဲအကောင်ဝင်လို့လား ? ”

ဟီယူကမုန့်နှိုက်နေရင်း ဟီဂျင်ကိုမေးလာသည် ။

“ မဟုတ်ဘူး...ငါပဲအမြင်မှားနေတာလားမသိဘူး ဒီကိုတစ်ချက်ကြည့် ”

ဟီဂျင်က ဟီယူကို ဂျောင်ကုမန့်ထားသည့် ကောမန့်ပြလိုက်သည် ။ နှစ်ယောက်သား ထိုကောမန့်ကိုအချိန်အတန်ကြာကြည့်ပြီးနောက် ထယ်ယောင်းနေရာတွင် ထိုင်နေသည့် ဂျောင်ကုကို ပြိုင်တူလှည့်ကြည့်လိုက်သည် ။ ထူးဆန်းစွာဖြင့် ဂျောင်ကုက မျက်မှန်တပ်ထားသည် ။

Compatible Pheromones |TK|✓Where stories live. Discover now