ချန်စုရယ်သွမ်း၏။

သူ့အသံမှာ အမြဲလိုတိုးညှင်းသည်။ စုမင်နားရွက် အနားတွင် သူ ရယ်မောလိုက်တဲ့အခါ မထင်ရှားသောပုံသဏ္ဍာန်က သူ့အပေါ် ဖိမိသွားသဖြင့် အနည်းငယ်ထုံကျင်သွားသလို ခံစားလိုက်ရသည်။ 

သူ့ကို စုမင်ကိုတွန်းလိုက်၏။

အိပ်ယာကုတင်က အလွန်သေးငယ်ကျဉ်းမြောင်းပြီး အစတည်းက လူတစ်ယောက်စာအိပ်ဖို့တောင် ခက်ခဲနေပြီး အခုနောက်တစ္ဆေတစ်ကောင်းရှိနေတော့ လက်တွေ့ကျကျပြောရရင် အနေအထားတစ်ပုံစံတည်းဖြင့် ပိတ်မိနေ၏။

ဥပမာ အခုလက်ရှိ သူတစ်ဖက်ကိုလှည့်ထားပြီး ချန်စုသည် သူ့ကိုအနောက်မှသိုင်းဖက်ထား၏။ ချန်စုရင်ဘတ်က သူ့ကျောကိုဖိထားသည်ကို သူသိသိသာသာခံစားရသည်။

အဲဒါကို တစ်မိနစ် နှစ်မိနစ်လောက် ထိန်းထားလို့သာ အဆင်ပြေလိမ့်မယ်။ သို့ပေမယ့် အဲဒီ့ထက် ပိုကြာလာတဲ့အခါ သူ့အာရုံအားလုံးကို ထိုထိတွေ့မှုမှာ အာရုံစူးစိုက်နိုင်စေတယ်။

သူ့နောက်မှာ ရေခဲစိုင်တုံးကြီးတစ်ခုရှိနေသလို စုမင်ခံစားမိသည်။

ချန်စု သူ့လက်ကိုဆုပ်ကိုင်လိုက်၏။ စုမင်လက်ကိုရုန်းချသော်လည်း သူ့ကိုမနိုင်တော့ လုပ်ချင်သလို လုပ်ခွင့်သာပေးနိုင်တော့သည်။

"သေချာတာပေါ့ ... ကိုယ်ပြောပြနိုင်တယ်" သူတီးတိုးပြော၏။

စုမင် “ဟမ့်”

သူမပြောပြဘူးဆိုတာ သူ(စုမင်)သေချာသည်။ ဒါ့အပြင် သူ့ကိုမေးလိုက်သည့်အချိန်တိုင်း မမြင်သလို မကြားသလိုနေတတ်ပြီး ဘာလို့ဒီနေ့ကျမှ ရုတ်တရက် သူ့မေးခွန်းကိုဖြေချင်ရတာလဲ?

သူ့ကိုလိမ်တောင် လိမ်နိုင်သည်။

ဒါတကယ့်ကို စိတ်တိုစေသည်။

"ဘာလို့ကိုယ် မင်းကိုအဲ့လိုခေါ်စေချင်တာလဲ သိလား?" ချန်စု နူးညံ့စွာပြောလာ၏ .."ဘာလို့လဲဆိုတော့…….. အရင်ကကိုယ့်ကို အဲ့လိုခေါ်ဖူးလို့ပဲ"

စုမင်နေရာမှာတင် တောင့်ခဲသွား၏။

ချန်စုတမင်ရည်ရွယ်ပြီးပြောတယ်လို့ စုမင်တွေးခဲ့သည်။ နောက်တော့ သူက သူ့ကိုရှောင်မင်လို့ ခေါ်တာဆိုတော့ သူ့ကိုရှောင်စုလို့ အပြန်လှန်ခေါ်ဝေါ်တာက  ယဉ်ကျေးရာကျ၏။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now