[ 34 ] • FINAL•

2.6K 180 61
                                    

⟨ Unicode Version ⟩
နိဂုံး

“ ♪ ... ♪ ... ♪ ”

ဝါးရုံတောလေးအတွင်း ပျံ့လွင့်နေတဲ့ ပီယာနိုသံလေး ...။‌ လေအဝှေ့မှာ တိတ်ဆိတ်မှုကိုကျီစယ်ပြီး အေးမြတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနေသလိုပင်။ ချွေးသံတရဲရဲဖြစ်နေတဲ့သူ့ကိုယ်သူတောင် သတိမထားမိတော့ဘဲ နှုတ်ခမ်းထောင့်လေး ကွေးညွတ်နေအောင်ပြုံးလိုက်မိသည်။

ဒါ မောင် ဖန်တီးထားတဲ့ သံစဉ်အပိုင်းအစလေးတွေ .... ။

" ပါးပါး!! ပါးပါး!! ဂျင်းဂျင်း အများကြီးသယ်လာပေးတယ် "

သူတွေးရင်း ပြုံးနေမိတုန်းမှာပဲ ဘေးနားမှာ သစ်ကိုင်းခြောက်သေးသေးလေး နှစ်ချောင်းကို ကိုင်ပြီး သယ်လာပေးတဲ့ သားသားလေးဂျွန်ဂျောင်ဂျင်း။


“ အိုက်ဂူး ... ပါးပါးသားလေးက တော်လိုက်တာ ... ပါးပါးနဲ့တူလို့နေမယ် .. "

ပြေးပြီးလာတာမို့ ဆော့ဂျင် လက်ထဲက သစ်ကိုင်းတွေချရင်း ဂျောင်ဂျင်းလေး မခိုက်မိအောင် ပြေးပွေ့လိုက်သည်။

" ချော်ကျရင် နာနာဖြစ်ကုန်တော့မှာပဲ ဂျင်ဂျင်ရယ် "

" ခ် ခ် ခ် "

လက်ထဲရောက်လာတဲ့သားသားကို အရွယ်ညီအောင်ထိုင်ချ ပြေးပွေ့မိတော့ သားသားက ခိုးခိုးခစ်ခစ်ရယ်သည်။ ရယ်လိုက်တိုင်း ပါးချိုင့်လေးနှစ်ဖက်ထင်းသွားတတ်တဲ့သားသားဟာ မမရဲ့ငယ်ရုပ်အတိုင်းပင်။

" နာနာဖြစ်ရင် မောင်က အူးမွ လုပ်ပေးလိမ့်မယ် ... ပါးပါးတုန်းကလဲ မောင်က အူးမွ လုပ်ပေးလို့ ပျောက်သွားတယ်မဟုတ်လား "

ဂျောင်ကု သူ့ကိုနမ်းတုန်းက သားသားဆီမှာ မိသွားတဲ့အကြောင်းကို မပီတပီအသံလေးနဲ့ သားသားကပြန်ပြောလေလျှင် သူရယ်လိုက်မိသည်။ အဲ့ဒါထက် သားသားက ဂျောင်ကုကို သူခေါ်သလို မောင် ဆိုပြီး ခေါ်ဝေါ်နေတာက ပိုပြီး အသည်းယားဖို့ ကောင်းလွန်းပါသည်။

The LANGUAGE of EYES【Completed】Where stories live. Discover now