[ 17 ]

1.3K 259 114
                                    

⟨ Unicode Version ⟩
* မျက်ဝန်းတွေရဲ့ဘာသာစကား*
အပိုင်း ၁၇

ကုရှင်းအနုပညာစင်တာရဲ့ရုံးခန်းထဲ ခြေချလိုက်ပြီဖြစ်တဲ့ ဂျီယွန်းဂျူ။ သူမဟာ ဒီအနုပညာစင်တာကြီးမဆောက်ခင်ကတည်းက ဒီနေရာကို အလိုရှိနေခဲ့တာဖြစ်သည်။ ဒီနေရာမှာ မြေအောက်ခန်းရှိပြီး ကုသခင်ကြီးရဲ့ ရွှေတွေ သိမ်းဆည်းထားတယ်လို့ သူမ ခင်ပွန်းသည်ဆီက ကြားဖူးခဲ့သည်မဟုတ်လား။

" နောက်ဆုံးတော့ ငါ့အပိုင်ဖြစ်လာပြီပဲ "

ကျေနပ်စွာပြုံးရင်း လှစ်ဟာနေတဲ့ ဒါရိုက်တာနေရာက ဂျွန်ဂျောင်ကုဆိုတဲ့ ကမ္ဗည်းလေးကို လက်လေးနဲ့ သပ်တင်လိုက်သည်။

" ကုအန်းရှင်းရဲ့သားလည်း ကုအန်းရှင်းလို အဆုံးသတ်မျိုးပဲ ~~ "

ပြောပြီးတဲ့နောက်မှာတော့ သူမ ထိုကမ္ဗည်းလေးကို ကြမ်းခင်းထက်ပစ်ပေါက်လိုက်မိသည်။ အဲ့ဒီ့နောက် အပေါ်စီးကနေ မြင်နေရတဲ့ ဆိုးလ်ရှုခင်းကို သူမ တမေ့တမောကြည့်နေလိုက်သည်။ ထိုအချိန်မှာပဲ ဝင်လာတဲ့ဖုန်းလေးကြောင့် သူမ မျက်နှာပြုံးပျော်သွားမိသည်။

"မောင်" တဲ့ ...။

" ဟယ်လို မောင်! "

တစ်ဖက်က အလွမ်းပြေချွဲစိန်လေးအသံကြောင့် သူမပြုံးလိုက်မိသည်။ နှစ်တွေကြာပြီးမှ ထပ်တွေ့ခဲ့ရတဲ့အချစ်!! သူမနဲ့အသက်တွေကွာပေမယ့် အများကြီးရူးသွပ်နေမိတယ် ထင်သည်။

" အဆင်ပြေခဲ့တယ်မောင် သိပ်မကြာခင် အရာရာက မတို့အပိုင်ဖြစ်တော့မယ် "

" .... "

" အင်း! ချစ်တယ်မောင်! ညကျရင် တွေ့ကြရအောင် "

အဲ့ဒီ့နောက် ဖုန်းကို လှလှပပချပစ်မိ‌ကာ အနောက်လှည့်လိုက်မိတော့

" အမေ့!! "

ရပ်နေတဲ့လူတစ်ယောက်ကြောင့် သူမ အံ့ဩသွားသည်။ ထင်းနေတဲ့မေးရိုးတွေအပြင် အကြည့်တွေက စူးရှပြတ်သားလွန်းသည်။ ဆံနွယ်တွေက ကပိုကရိုနိုင်နေတာမဟုတ်ဘဲ အသေအချာ ဖြီးလိမ်းပြင်ဆင်ထားသည့်ပုံပင်။
လန့်သွားတဲ့သူမကို မြင်နေရသလို မာန်ပါပါပြုံးပြဆီးကြိုသည်။

The LANGUAGE of EYES【Completed】Where stories live. Discover now