[ 23 ]

1.4K 245 52
                                    

⟨ Unicode Version ⟩
အပိုင်း ၂၃

ကုရှင်းစင်တာအတွင်း ရှုပ်ယှက်ခတ်နေတဲ့ခြေသံတွေနဲ့အတူ ရှောင်တခင် ပြုလုပ်တဲ့ ဘုတ်အဖွဲ့ဝင်တွေရဲ့အစည်းအဝေး ...။

" ဒါရိုက်တာဂျွန် ... တကယ်ပဲ ဒီသတင်းတွေက အမှန်လား "

" အဲ့ဒီလိုအမှန်ဆိုရင် ဒါရိုက်တာနေရာကို ပြန်ရွေးချယ်ရလိမ့်မယ် ... "

" ထောင်ထွက်တစ်ယောက်ကို လက်ထပ်ထားတဲ့အပြင် လိင်တူချင်းဆိုတာက ... ကုရှင်းစင်တာရဲ့မြင့်မြတ်တဲ့ဂုဏ်သိက္ခာကို ထိပါးစေနိုင်ပါတယ် "

" ကျွန်တော်တို့ လက်မခံပါဘူး ... "

သူ့အရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် မာန်ပါပါနဲ့ပြောနေတဲ့ ဘုတ်အဖွဲ့ဝင်တွေကို ဂျောင်ကုကြည့်လိုက်မိသည်။ တစ်ချို့ကတော့ ငြိမ်နေပေမယ့် တစ်ချို့ကတော့ မိုးမီးလောင်နေသလို ပြသနာတက်ပြနေပါသည်။

" အဲ့ဒီလို ကပေါက်တိကပေါက်ချာမေးနေတာ ဘုတ်အဖွဲ့ဝင်တွေမှ ဟုတ်ရဲ့လား ... တစ်ယောက်ချင်းစီ‌ သေချာမေးပါ ခင်ဗျားတို့က မြင့်မြတ်တဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းနေကြတဲ့ဂုဏ်သရေရှိလူကြီးမင်းတွေ မဟုတ်ဘူးလား "

ဆူညံသံတွေကြား သူ့အသံက ဟိန်းထွက်သွားတော့ ဘုတ်အဖွဲ့ဝင်လူကြီးတွေက သူ့ကို စိုက်ကြည့်သည်။ ပူညံပူညံလုပ်နေကြတာက ဥက္ကဋ္ဌဂျီရဲ့ ပေးစာကမ်းစာယူပြီး ‌ရှင်သန်နေကြတဲ့သူတွေပင်။

" ဒါဖြင့်ရင် ကျွန်တော် အရင်မေးပါမယ် လိင်တူလက်ထပ်ထားတယ်ဆိုတာ ဟုတ်ပါသလား ဒါရိုက်တာဂျွန် "

ကုအိမ်တော်ရဲ့ လုပ်ငန်းစုတွေအားလုံးအတွက် သူဟာ အမွေဆက်ခံသူ စီအီးအို တစ်ယောက်ဖြစ်ပေမယ့် ကုရှင်းစင်တာအတွက်ကတော့ ဒါရိုက်တာတစ်ယောက်ဖြစ်သည်။ အဲ့ဒီလိုပဲ ပိုင်ဆိုင်မှုတွေအားလုံးထဲမှာမှ ကုရှင်းစင်တာကို သူအချစ်ဆုံးဖြစ်သလို ကုရှင်းစင်တာက လုပ်ငန်းစုနဲ့ယှဉ်ရင် ဝင်ငွေအရမ်းမကောင်းပေမယ့် စီးပွားရေးအတွက် ဂုဏ်သတင်းမြှင့်တင်ပေးနိုင်သည်မို့ ကုအိမ်တော်ကလူတွေ မျက်စိကျနေခဲ့တာဖြစ်သည်။ သို့ပေမယ့် ဥက္ကဋ္ဌဂျီလိုမျိုး လုယူချင်တဲ့မိသားစုဝင်ကတော့မရှိ။ ကုမိသားစုရဲ့သွေးအရင်းတွေက ငွေအရမ်းမက်ကြသည်မဟုတ်။ အရင်ကခက်ထန်တယ်လို့ သူထင်ခဲ့တဲ့ အစ်ကိုဖြစ်သူကုမင်ဟန်နဲ့ ရင်းနှီးလာတော့မှ သူ နားလည်ခဲ့ရတဲ့အရာတွေဖြစ်သည်။ ရှင်းရှင်းပြောရင် သူတော်စပ်တဲ့အမျိုးတွေအကုန်လုံးကို သူမမြင်ဖူးသေးပါ။ တစ်ချို့က တရုတ်ဘက်မှာနေထိုင်ပြီး တစ်ချို့က နိုင်ငံရပ်ခြားရောက်နေသည်။ ကိုးရီးယားမှာရှိတဲ့ ကုအိမ်တော်ဝင်းထဲမှာတော့ သူရယ်၊ ဥက္ကဋ္ဌဂျီရယ်၊ ခပ်အေးအေးနေတတ်တဲ့အန်တီကြီးတို့မိသားစုသာရှိသည်လေ။ အခုတော့ဖြင့် သွေးမတော်တဲ့သူက ကျွေးမွေးထားတဲ့ဟာတွေစားပြီ သူတန်ဖိုးထားရတဲ့ဟာကို သူ့လက်ထဲကလုယူဖို့ ကြိုးစားတာ မြင်လေတော့ သူရယ်လိုက်မိသည်။

The LANGUAGE of EYES【Completed】Onde as histórias ganham vida. Descobre agora