[ 29 ]

1.2K 197 53
                                    

⟨ Unicode Version ⟩
အပိုင်း ၂၉

အခွေလိုက်ရှိနေတဲ့ပန်းခွေတွေရဲ့အပေါ်မှာ ပုံရိပ်ထင်ဟပ်နေတဲ့လူသားနှစ်ယောက်။ ထိုလူသားရဲ့ပုံရိပ်နှစ်ခုအရှေ့မှာတော့ ဂန္ဓာပန်းအဖြူလေးက အစီစီအရီရီ ....။

‌ဓာတ်ပုံဘောင်ရဲ့ ဘေးဘက်တစ်ခြမ်းမှာ ဝတ်စုံမည်းလေးနဲ့ ငြိမ်သက်စွာ ထိုင်နေတာက ချစ်ရတဲ့လူသား။ ထိုလူသားရဲ့လက်ပေါ်မှာတော့ တစ်နှစ်မပြည့်သေးတဲ့သားငယ်လေးက ငြိမ်သက်စွာ နေရာယူသည်။

“ ကိုကို ”

ဂျောင်ကု ခပ်ဖွဖွလေးခေါ်မိတော့ ငြိမ်သက်နေတဲ့ကိုကို့မျက်ဝန်းတွေ လှုပ်ရှားလာသည်။

“ အချိန်ကျပြီ သွားရအောင်!! ”

သူ ပြောလိုက်ပေမယ့် ကိုကိုကတော့ မျက်တောင်တဖျတ်သာ ခတ်ရင်း ငြိမ်နေပြန်သည်။

“ ကိုကို!! ”

သူ ဒုတိယအကြိမ်ထပ်ခေါ်မိတော့ ကိုကိုက မျက်ရည်စတွေ လိမ့်ကာ စီးဆင်းလာသည်။

“ ဂျောင်ကု-ah ... ”

နှုတ်ခမ်းလှုပ်ရုံမျှသာရေရွတ်ရင်း လက်တစ်ဖက်က သူ့ဆီ ကမ်းပေးလာလေတော့ သူ ကိုကို့ဘေးနားထိုင်ချကာ ကိုကို့လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်ကို ကိုကိုကဖမ်းဆုပ်မိတာနဲ့ တင်းကျပ်စွာ ဖျစ်ညှစ်ကာ နှုတ်ခမ်းပါးတွေ တဆတ်ဆတ်တုန်လာသည်။ အနားမှာရှိနေတဲ့ ကိုကို့မာမီနဲ့ သူ့ဒယ်ဒီကတော့ အခြေအနေကို နားလည်စွာ ကိုကို့လက်ထဲက ဂျွန်ဂျောင်ဂျင်းလေးကို ဆွဲယူပွေ့ချီသွားသည်။ ကိုကို့လက်ထဲမှာ ကလေးလေးမရှိတော့ဘူးဆိုမှ ကိုကိုက သူ့လည်တိုင်တွေကို ဖက်တွယ်ကာ  မျက်ရည်ရွှဲနေတဲ့မျက်နှာကို လာဖွက်သည်။

“ ... သူ ... သူက ဘာဖြစ်လို့ အရင်သွားရတာလဲ .. တကယ်ဆို .. တကယ်ဆို .. အတူတူရှိမယ်လို့ သူ အမြဲပြောခဲ့တာလေ ... ဘာဖြစ်လို့ ... ဘာဖြစ်လို့များလဲ ... ”

မပွင့်တပွင့်လေသံတွေနဲ့ ဝမ်းနည်းစွာ ဆိုလာလေတော့ သူမငိုမိအောင် မျက်တောင်တွေကို ပုတ်ခတ်လိုက်မိသည်။

The LANGUAGE of EYES【Completed】Where stories live. Discover now