[ 07 ]

1.4K 234 54
                                    

⟨ Unicode Version ⟩
* မျက်ဝန်းတွေရဲ့ဘာသာစကား *
အပိုင်း ၀၇


ဂျောင်ကုဆီက အသံထွက်လာတော့ သူလန့်သွားမိသည်။  မလုံမလဲနဲ့ ပွေ့ဖက်ထားမိတာကို ခွာဖို့ကြိုးစားတော့ ဂျောင်ကုက တင်းကျပ်နေအောင်ဖက်သည်။

" ကျေးဇူးတင်ပါတယ် ... ဒီနေ့ ကျွန်တော့်ကို ဆွဲထုတ်သွားပေးလို့ "

ဟင်

ထိုစကားအဆုံးမှာ သူအံ့ဩသွားသည်။

ဘာလဲ ဂျောင်ကုက .... နေပါဦး ... ဆူဂျင်းအကြောင်းသိနေတာလား

" ကိုကိုသာ မရောက်လာခဲ့ဘူးဆိုရင် အဲ့အခန်းထဲမှာ တကယ်ကို မွန်းကျပ်ပိတ်လှောင်နေတော့မှာ ... ကျေးဇူးတင်ပါတယ် ကျွန်တော့်ရဲ့လောကကြီးကို ပိုပွင့်လင်းအောင်လုပ်ပေးလို့ ... "

ဂျောင်ကုကို သူငုံ့ကြည့်လိုက်မိသည်။

ငို ... ငိုနေတယ် ~~

" ကိုကိုမအိပ်သေးတာ သိပါတယ် ... ဒါပေမဲ့ ကိုကို ... ကိုကို့ကိုကျေးဇူးတင်ရမယ်ထင်လို့ ... အဲ့စကားပြောလိုက်မှ အိပ်နိုင်မယ်ထင်လို့ပါ "

ခံစားချက်တွေကို ရင်ဖွင့်နေသည့်အလား ပြောလာလေတော့ ဂျောင်ကုခေါင်းကို သူပွတ်သပ်မိသည်။ သူ့ရင်ထဲမှာတော့ နာကျင်မှုအစိုင်အခဲကြီးဟာ လေးနင့်လာခဲ့ပြီဖြစ်သည်။

" ဘယ်အချိန်ကတည်းက စသိခဲ့တာလဲ ... ဂျောင်ကု-ah "

သူမေးတော့ သူ့ကို မော့ကြည့်လာသည့်မျက်ဝန်းစိုစိုက ရွှန်းလဲ့နေသည်။ သို့ပေမယ့် နှုတ်ခမ်းတွေကတော့ ပြုံးနေသည်။ အကြည့်တွေကတော့ သူရှိမယ်ထင်တဲ့နေရာကိုကြည့်နေပေမယ့် သူနဲ့အကြည့်မဆုံပါ။

" ကျွန်တော်က အနံ့တွေကို ကောင်းကောင်းခွဲခြားနိုင်တယ် ကိုကို! ကျွန်တော်က အနံ့တွေနဲ့  မှတ်ထားတာ ... ဒါပေမဲ့  ဒီနေ့ ကာရာအိုကေခန်းထဲ ကိုကိုရောက်လာတာကိုမသိတာက ခြွင်းချက်ပေါ့ ... "

The LANGUAGE of EYES【Completed】Where stories live. Discover now