[ 28 ]

1.3K 215 50
                                    

⟨ Unicode Version ⟩

အပိုင်း ၂၈

ရှုပ်ယှက်ခတ်နေတဲ့ခြေသံတွေက တိုက်ခန်းတစ်ခုအတွင်းကနေ ထွက်ပေါ်လာသည်။

“ ဆရာ! တရားခံမရှိတော့ပါဘူး ... ကြည့်ရတာ ကြိုသိပြီး ထွက်ပြေးသွားပုံပေါ်ပါတယ် ”

“ ဒါဆို ဆက်စပ်နေတဲ့ လီဂျွန်ဂယူကရော ”

“ အတူတူပါပဲဆရာ တရားစွဲဆိုခံရပြီး နာမည်ကျလာကတည်းက ရှာမတွေ့တော့တာပါ ... ကုမ္ပဏီဘက်ကို စုံစမ်းကြည့်တော့ သူတို့ မသိပါဘူးပဲဖြေပါတယ် အခုက Star World Entertainmentရဲ့ ဥက္ကဋ္ဌရော လီဂျွန်ဂယူပါ ထွက်ပြေးတိမ်းရှောင်နေတဲ့ပုံပါ .. ကုမ္ပဏီဘက်ကလည်း နှစ်ယောက်လုံးကို တရားပြန်စွဲဆိုထားပါတယ် ... ငွေအလွဲသုံးစားမှုနဲ့ပါ ”

ကြားလိုက်ရတဲ့စကားကြောင့် ရဲမှူးသက်ပြင်းချကာ Reportတင်ဖို့ ဖုန်းဆက်အကြောင်းကြားလိုက်သည်။ ချမ်းသာတဲ့သူတွေဟာလေ ငွေသာရှိရင် တစ်ခုခုဆို ပြေးလို့လွတ်မယ်လို့ပဲ စဉ်းစားထားကြသလား အောက်မေ့ရသည်။ အခုအမှုတွဲလဲ မထူးဆန်းပါဘူး၊ လူကုံထံအသိုင်းအဝိုင်းမှာသာမန်ဖြစ်နေကျပုံစံပါပဲ။ သိပ်ပြီး မထူးဆန်းတာမို့ အနှေးနဲ့အမြန် မိမှာဆိုတာကိုတော့ သေချာသိပါသည်။

အဲ့ဒီ့နောက် ထိုနေရာကနေ ဆုတ်ခွာကာ နယ်မြေအတွင်း ရှာဖွေဖို့ ဝရမ်းထုတ်လိုက်မိတော့သည်။ သက်သေရှာစရာမလိုဘဲ လွန်ခဲ့တဲ့လေးနှစ်ကျော်လောက်ကတည်းက အမှုကိုပါ ပြည့်ပြည့်စုံစုံတင်ပေးခဲ့တာမို့ သူတကယ်အံ့ဩမိပါသည်။ ဒီလိုတရားခံတွေ တွေ့ဖူးတာ မထူးဆန်းပေမယ့် ဒီလောက် တိကျလှတဲ့တရားလိုကိုတော့ အခုမှ သူပထမဆုံးမြင်ဖူးခဲ့တာဖြစ်သည်။ အဲ့ဒါကလည်း တခြားသူမဟုတ်။ သူသဘောကျခဲ့ဖူးတဲ့ Pianist ကုအန်းရှင်းရဲ့သားဖြစ်သူ ဂျွန်ဂျောင်ကုပင်။

💠💠💠

တိုက်ခန်းငယ်လေးအတွင်း ဖုန်းတစ်ကောလ်ကို အရေးတကြီးဆက်နေတဲ့လူငယ်လေးတစ်ယောက်။ မီးဖွင့်ထားခြင်းမရှိဘဲအမှောင်ထဲမှာ သူဆက်သွယ်နေတဲ့ဖုန်း ဝင်ဖို့ကိုသာ အလောတကြီး အပူကပ်နေသည်။

The LANGUAGE of EYES【Completed】Where stories live. Discover now