[ 18 ]

1.4K 245 103
                                    

⟨ Unicode Version ⟩
* မျက်ဝန်းတွေရဲ့ဘာသာစကား *
အပိုင်း ၁၈

 

“ မမ ~~ ကျွန်တော်ဘာလုပ်ပေးရမလဲ ”


ထိန်းသိမ်းခံအခြေအနေမှာ လာတွေ့တဲ့ သူမရဲ့ချစ်ရသူ။ တိတ်ဆိတ်နေတဲ့လေထုကို စကားချိုချိုနဲ့ ဖြိုခွဲလေတော့ သူမရင်ထဲသိမ့်ကနဲ့။

“ မောင်! ဘာလို့လိုက်လာတာလဲ ... ပြန်ပါ ... တစ်ယောက်ယောက်က မောင်မှန်းသိသွားရင် နာမည်ထိခိုက်ပါမယ် ”

ဂျီယွန်းဂျူ ပြောမိတော့ maskအပြည့်တပ်ထားတဲ့ထိုသူက နှာထိပ်လေးတွေ ဖော်လာသည်။

“ ကျွန်တော့်ရဲ့မက ဒီလိုအခြေအနေရောက်နေတာကို ဘယ်လိုလုပ်ကြည့်ရက်မလဲ .. ပြော ကုရှင်းစင်တာရဲ့မြေအောက်ထပ်ကို ဘယ်လိုနည်းနဲ့ဝင်ပေးရမှာလဲ .... ‌မောင် ~~ မအတွက် လုပ်ပေးပ့ါမယ် အရင်ဆုံး မမဒီထဲက ထွက်နိုင်ဖို့ မောင် ဘာတွေလုပ်ပေးရမလဲ မ, ပင်ပန်းတာကို မောင်မကြည့်ရက်ဘူး ‌မမရယ် "”

အချိုသပ်ကာ ပြောလေတော့ ဂျီယွန်းဂျူရဲ့နှလုံးသားဟာ ထိခတ်လှုပ်ရှားသွားသည်။ အချစ်ဆိုတဲ့ ဒီနွံမှာ ကျွံရစ်နေပြီမို့ တစ်ဖက်သားရဲ့မာယာကို သူမ ဆင်ခြင်နိုင်စွမ်းမရှိတော့ပေ။

“ မအတွက် လုပ်ပေးမယ်ဆိုတာ သေချာလား မောင် ”

“ သေချာတယ် မ ”

“ အခုလိုဖြစ်ရတဲ့အဓိကတရားခံက ဟန်ရှင်းအုပ်စုက ကင်ဆူဂျင်းကြောင့်ပဲ ... သူသာ သစ္စာ‌မဖောက်ခဲ့ရင် မောင်ရော, မရော ဒီလိုဝေးနေရမှာမဟုတ်ဘူး ”

ထိုစကားကြောင့် တစ်ဖက်ကောင်လေးရဲ့မျက်ဝန်းတွေ လှုပ်ရှားသွားသည်။

“ ဟန်ရှင်းအုပ်စုက ကင်ဆူဂျင်း?? ”

တိုးတိုးလေးရေရွတ်လိုက်တာမို့ ထိုစကားကို ဂျီယွန်းဂျူမကြားလိုက်။

“ မ ဒီထဲကနေ ထွက်ဖို့အဆင်မပြေဘူးဆိုရင် သူ့ကိုလဲ ကောင်းကောင်းနေခွင့်မပေးနိုင်ဘူး ~~ မောင် ... သူ့မှာအားနည်းချက်ရှိတယ် ~~ သေချာနားထောင် ...”

The LANGUAGE of EYES【Completed】Where stories live. Discover now