[ 26 ]

1.3K 236 53
                                    

⟨ Unicode Version ⟩
အပိုင်း ၂၆

နေ့သစ်တစ်ခုရဲ့မနက်အစောပိုင်း သတင်းစာခေါင်းစီးတွေထက် နေရာယူနေခဲ့တဲ့သတင်းတစ်ပုဒ်။

“ မူးယစ်ဆေးဝါးသုံးစွဲဟု စွပ်စွဲခံနေရတဲ့ ကမ္ဘာကျော်စတား တော့ပ်အေရဲ့ ဂယူ ”

အစရှိသဖြင့် ဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့တဲ့ သတင်းကြီး။ လူအများကတော့ စိတ်ဝင်တစားဖတ်ပြီးဝေဖန်နေကြပေမယ့် ထိုသတင်းကိုမြင်ပြီး ဒေါသအပြုံးနဲ့ တီဗွီကို ပိတ်ပစ်လိုက်ပါတဲ့အမျိုးသမီးတစ်ဦး။

“ မောင်! ကြည့်ရတာ မတို့ကို သူတို့အရမ်းလျော့တွက်ခဲ့ပုံရတယ် ... ဒီသတင်းလောက်လေးနဲ့ ဂယူဆိုတဲ့ နာမည်ကို ဖြိုချနိုင်မယ် ထင်နေလားမသိ ”

အချုပ်ထဲက ပြန်လွတ်လာတာ မကြာသေးတဲ့ဂျီယွန်းဂျူက ပြောလာလေတော့ ဂယူ ပြုံးလိုက်မိသည်။

“  ကျွန်တော့်မှာ အဲ့ဒီ့သတင်းထက် ပိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ရှိတယ် စိတ်မပူပါနဲ့မမ အခုတောင် ‌ဂျွန်ဂျောင်ကုက ဆက်ခံသူနေရာကို လက်လျော့ခဲ့တာပဲ မဟုတ်လား ... ကုမင်ဟန်လက်ထဲရောက်သွားခဲ့ပေမယ့် ကျွန်တော်တို့ ကောင်းကောင်းကိုင်တွယ်နိုင်မှာပါ ”

သတင်းတွေ ပလူပျံနေတာတောင် သူ အေးဆေးနေရင်း မမှိတ်မသုန်ပြုံးနေလိုက်သည်။ ဒီလိုကောလဟာလတွေကို သူရင်ဆိုင်ရတာ အခုမှမဟုတ်။ ဟိုးအရင်ကတည်းကဖြစ်သည်။ သူ စိတ်ကြွဆေးတွေသုံးနေတာကို မီဒီယာတွေက သိပေမယ့် သက်သေမပြနိုင်။ အဲ့ဒီလိုပဲ ဒါကို သေချာသိတဲ့အစ်ကိုကရော သက်သေပြနိုင်မှာတဲ့လား။ အရာအားလုံးဟာ သူ စီမံခဲ့ပြီးသားလေ။ အချစ်မွှန်နေတဲ့အစ်ကို့ကို အသုံးချပြီး သူ ကိုယ်လွတ်ရုန်းခဲ့တဲ့နာမည်ဆိုးတစ်ခုဆီ သူ ဘယ်တော့မှ ပြန်မသွားနိုင်။ အစ်ကို့ကိုချစ်ပေမယ့် သက်တောင့်သက်တာရှိတဲ့ဘဝကို သူ ပိုလိုချင်ပါသည်။

“ မောင် ဘယ်လိုစီစဉ်ထားလဲ ... မ ဘက်ကတော့  မရဲ့အမှုနဲ့ပတ်သက်ပြီး သက်သေတွေသိနေတဲ့ဆူဂျင်းကို နှုတ်ပိတ်ဖို့ပဲ မောင့်ရဲ့ကိစ္စ‌ကရော ”

The LANGUAGE of EYES【Completed】Where stories live. Discover now