[ 27 ]

1.3K 217 82
                                    

⟨ Unicode Version ⟩
အပိုင်း ၂၇

[ သတိ။ ။ သွေးထွက်သံယို Mature Sceneများ ပါဝင်နိုင်သည် 🌚 ]

  “ မူးယစ်ဆေးဝါးသုံးစွဲခဲ့တယ်ဆိုတာ အမှန်တကယ်ပဲလား အဲ့ဒီ့အမှုနဲ့ တရားစွဲဆိုခံထားရတာရော ”

“ လီဂျွန်ဂယူက လိင်တူတွေကြိုက်တယ်ဆိုတာတကယ်ပဲလား ”

“ Fanclubက ကောင်လေးတွေကိုလည်း ခေါ်အိပ်တယ်ဆိုတာ တကယ်ပဲလား ”

“ ၇နှစ်ကြာတွဲခဲ့တဲ့ချစ်သူကို အပြစ်တွေပုံချခဲ့တယ်ဆိုတာရော ”

“ StarWorld Entရဲ့ Sajaegiအမှုမှာလဲ ပါဝင်တယ်ဆို ”

“ StarWorld Entရဲ့ဥက္ကဋ္ဌနဲ့ တိတ်တိတ်ပုန်းချစ်သူတွေဆိုတာရော တကယ်ပဲလား ”

“ လွန်ခဲ့တဲ့လေးနှစ်ကျော်က ယာဉ်တိုက်မှုမှာ ပါဝင်ခဲ့တယ်ဆိုတာကရော တကယ်ပဲလား ”

“ လုပ်ငန်းရှင်တစ်ယောက်ရဲ့အိမ်ကိုရော ကျူးကျော်ပြီး အလိုမတူဘဲ ဂုဏ်သိက္ခာကျဆင်းနိုင်တဲ့အပြုအမူတွေ လုပ်ခဲ့တယ်ဆို ... ”

ကုမ္ပဏီရှေ့ ခြေချတာနဲ့ တရစပ်မေးခံလိုက်ရတဲ့မေးခွန်းတွေ ... ။ သူ့ဒေါသအံကြိတ်ရင်း ခြေလှမ်းတွေ ရပ်တန့်သွားမိသည်။ လုံခြုံရေးတွေ ကာဆီးထားတာတောင် သူ့ဆီ တိုးတိုးကြိတ်ကြိတ်ဖြစ်နေတဲ့သတင်းထောက်တွေ။ ကြည့်ရင်းကြည့်ရင်း ရင်ထဲ တနုပ်နုပ်နဲ့အခဲမကျေဖြစ်လာရသည်။ သူဒီနယ်ပယ်မှာ ရှင်သန်လာတာကြာပြီဖြစ်ပေမယ့် သူလုပ်ခဲ့တဲ့လုပ်ရပ်တွေက တစ်ခါမှ ဒီလို အစုလိုက်အပြုံလိုက် သတင်းမထွက်ဖူး။ ကောလဟာလအနေနဲ့သာ သတင်းထွက်ပြီး ခပ်မြန်မြန်ပင်ပြီးဆုံးသွားသည်။ အခုလိုဖြစ်ရပ်မျိုး တစ်ခါလေးတောင်မရှိ။  အခုတော့ဖြင့် ...

“ တောက်ခ် ”

တိုးကြိတ်နေတဲ့သတင်းသမားတွေကြား သူတိုးဝှေ့ရင်း ‌မကျေမနပ် တောက်ခေါက်လိုက်မိသည်။ ဘယ်သူ့လက်ချက်လဲ ပြေးကြည့်စရာမလို။ ဂျွန်ဂျောင်ကုဆိုတဲ့အကောင်ရဲ့လက်ချက်ပင်။ ငြိမ်သက်ပြီးဆုံးသွားတဲ့ အမှုဟောင်းကို ပြန်ဖွင့်ပြီး ချက်ချင်းတရားစွဲခဲ့တဲ့ကောင်။ အစကတည်းက ဒီလိုမှန်းသိရင် ပြန်မလာနိုင်အောင် လက်စဖျောက်ပစ်ခဲ့မိလောက်သည်။

The LANGUAGE of EYES【Completed】Hikayelerin yaşadığı yer. Şimdi keşfedin