[ 04 ]

1.6K 257 42
                                    


Unicode Version

* မျက်‌ဝန်းတွေရဲ့ဘာသာစကား *

⟨ အပိုင်း ၀၄ ⟩

ညအချိန် "ကု" အိမ်တော်ဝင်းထဲကနေ
ကားလေးတစ်စီးထွက်ခွာသွားသည်။
သိပ်မကြာ ...
နောက်ထပ်ကားလေးတစ်စီး
အိမ်တော်ထဲဆိုက်ရောက်ကာ
ဦးတည်ရာလမ်းက အိမ်မကြီးဆီကို ... ။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬


ဂျောင်ကု အခန်းတံခါးကိုဖွင့်ပြီး ဝှီးလ်ချဲကို လှည့်လိုက်သည်။ သူ့အာရုံတွေဟာ မှောင်နေပေမယ့် စူးစူးရှရှမခံစားရတာမို့ မီးတွေပိတ်ထားတာ သူသတိရှိလိုက်သည်။ ကျယ်ပြောလှတဲ့ ဒီအိမ်ခြံဝင်းထဲမှာ ကုမိသားစုဝင်တွေအကုန်နေကြပေမယ့် အိမ်မကြီးကတော့ သူ့အတွက်ပင်။ သူနဲ့ မမသာ ဒီအိမ်မကြီးမှာနေပြီး အန်တီလေးနဲ့ အစ်ကိုကုမင်ဟန်အပြင် မမကြီးတို့မိသားစုက အိမ်ခြံဝင်းရဲ့သူ မရောက်ဖူးတဲ့တစ်နေရာရာမှာပင်။

အချိန်အားဖြင့် ၁၁နာရီ၊ ညအချိန်မတော် တစ်ခါမှ မမဟာ အပြင်မထွက်ဖူးပါ။ ဒီနေ့ညမှာ အိပ်နေရင်းဝင်လာတဲ့ဖုန်းတစ်ကောလ်ကြောင့် ထထွက်သွားခဲ့သည်။ သူက အိပ်ဟန်ဆောင်နေခဲ့တာမို့ မမက သူ့နှိုးပြီး မပြောသွားတာဖြစ်မည်ထင်သည်။ပြီးတော့ မမမောင်လေး'ကင်ဆော့ဂျင်' ဆိုသူ အိမ်ကို ရောက်လာတဲ့နေ့လေ။ ဒီမနက်ကရောက်ပေမယ့် ကုရှင်းအနုပညာစင်တာမှာ သူလက်မှတ်ထိုးပေးစရာကိစ္စ‌ကြောင့် ရှေ့နေကြီးနဲ့အတူ တစ်နေကုန်အပြင်မှာ ရှိနေသည်မို့ မဆုံဖြစ်လိုက်ပါ။ သူပြန်ရောက်တော့ မမ‌ပြောပြချက်အရ မမမောင်လေးဟာ သူငယ်ချင်းဖြစ်သူတွေနဲ့ သွားတွေ့တာမို့ ထပ်ပြီး သူနဲ့မဆုံ။ မနက်ကျမှ ကောင်းကောင်းမိတ်ဆက်ပေးမယ်ပြောပေမယ့် မမလေသံတွေ သိပ်အဆင်မပြေတာမို့ ကြည့်ရတာ မမမောင်လေးဟာ သူ့ကိုအမြင်မကြည်ဖြစ်နေတာလို့ ယူဆလိုက်မိသည်။

မှောင်နေတယ်လို့ ခံစားမိတာမို့ မမပြန်လာတာကိုစောင့်ဖို့အတွက် မီးခလုတ်ရှိရာ နံရံဆီ ထဖို့ မတ်တပ်ရပ်လိုက်မိသည်။ နံရံကိုကိုင်ကာ ဖြည်းဖြည်းချင်း မီးခလုတ်ရှိရာကို စမ်းမိသည်။

The LANGUAGE of EYES【Completed】Where stories live. Discover now