[ 13 ]

1.2K 226 49
                                    

⟨ Unicode Version ⟩
* မျက်ဝန်းတွေရဲ့ဘာသာစကား *
အပိုင်း - ၁၃

" ဂျောင်ကု ... စိတ်မလှုပ်ရှားနဲ့နော် အားလုံးအဆင်ပြေသွားမှာ "

သူ့လက်ကိုဖိညစ်ရင်း အားပေးစကားပြောနေတဲ့ကိုကို့အသံကြောင့် သူပြုံးလိုက်မိသည်။ မပြီးဆုံးနိုင်တဲ့ စိုးရိမ်မှု သံသရာကြီးဟာ အခု သူ ခွဲခန်းဝင်မယ့် အရှေ့ထိ ကပ်ပါလာသည်။

သူ ဘာမှမဖြစ်ပါဘူးလို့ ဘယ်လောက်ပြောပြောမရ။ ကင်ဆော့ဂျင်ဟာ သူ့ကို သည်းသည်းလှုပ်လွန်းသည်။ သူသာ မြင်နိုင်ခဲ့ရင် ဆရာဝန်၊ ဆရာမတွေကြားမှာ သူ မျက်နှာ ပူနေလောက်သည်။

" ကိုကို!! ကျွန်တော် အဆင်ပြေတာမို့ စိတ်မပူပါနဲ့ ... ကိုကို အဲ့လိုလုပ်နေရင် ကျွန်တော် ကိုကို့ကို စိတ်ပူမိတော့မှာနော် "

မျက်မှောင်ကြုတ်ကာ ကိုကို့လက်တွေကို ပြန်အုပ်ကိုင်ရင်း ပြောမိတော့ ကိုကိုက သက်ပြင်းချသည်။

" လူနာရှင်ရှင့် ... လူနာက ခွဲခန်းဝင်ရတော့မှာမို့ ခေါ်သွားပါရစေ ... ဒီမှာပဲ နေခဲ့ပေးပါ "

နွမ်းဖတ်ဖတ်အသံလေးနဲ့ သူနာပြုမလေးရဲ့စကားချိုချိုကြောင့် ကိုကို့လက်တွေကို သူလွှတ်ပေးလိုက်မိသည်။ ထို့နောက် ဝေးကွာသွားတော့မယ်ဆိုတာ ခံစားမိနေပေမယ့် ရုတ်တရက် သူ့နဖူးပြင်လေး နွေးထွေးသွားသည်။

ခွဲခန်းဝင်ရမှာ စိတ်မလှုပ်ရှားပေမယ့် မထင်ထားတဲ့ ကိုကို့အနမ်းကြောင့် သူ့အသည်းလေး အေးခဲသွားသည်။

" ကိုကို စောင့်နေမယ်နော် ဂျောင်ကုလေး "

ကိုကို့အပြောကို ခေါင်းညိတ်ခဲ့လား၊ ခေါင်းခါခဲ့လားတောင် မသိတော့ဘဲ သူ ခွဲခန်းလို့ထင်တဲ့အခန်းထဲရောက်သွားရသည်။

" လူနာရှင့် ... ခွဲစိတ်မှုက နောက်တစ်နာရီမှ စမှာပါ ... အဲ့မတိုင်ခင်အထိ စစ်ဆေးမှုတွေ ခံယူရမှာပါ ..."

သူနားမလည်တဲ့ဆေးပညာအပိုင်းတွေမို့ ဟုတ်လို့သာ တုံ့ပြန်ရင်း စစ်ဆေးခံလိုက်သည်။ ဘာတွေ စစ်ဆေးနေကြလဲ သူ မသိပေမယ့် ဒီအချိန်ခဏလေးမှာ စဉ်းစားမိနေတာက ကိုကို!

The LANGUAGE of EYES【Completed】Where stories live. Discover now