[ 08 ]

1.4K 236 67
                                    

⟨ Unicode Version ⟩
မျက်ဝန်းတွေရဲ့ဘာသာစကား
* အပိုင်း ၀၈ *


" ဂျောင်ကု-ah ... မနက်ဖြန်ခရီးထွက်ရမှာကို စိတ်လှုပ်ရှားနေလား "

ချစ်ရတဲ့ကောင်လေးကို  ငုံ့ကြည့်ပြီး မေးတော့ ထိုကောင်လေးက သူ့ကိုမော့ကြည့်ပြီးပြန်ဖြေသည်။ အကြည့်တွေကတော့ လွဲနေသေးပေမယ့်လို့ပေါ့။

" အင်း ~~ မမဆူဂျင်း မပါဘူးဆိုတော့ နည်းနည်းတော့ တစ်မျိုးပဲ မမဆူဂျင်းက ကျွန်တော်တို့အကြောင်းကို သိသွားတာများလားဟင် "

" မသိပါဘူး ဂျောင်ကုရဲ့ ... အားလုံး ကင်းရှင်းသွားမှ ကိုကိုပြောပြဖို့ စီစဉ်ထားတယ် ... "

မုသားပါတဲ့ စကားလုံးလှလှလေးတွေ နှုတ်ဖျားကခြွေပြီး လက်ထဲ ခေါင်းလျှော်ရည်အနည်းငယ်ကို ထပ်ထည့်ကာ ဂျောင်ကုရဲ့ဆံနွယ်တွေကြားပြန်ဝင်ရောက်ရင်း မနာကျင်အောင် ခပ်ဖွဖွလေးတွေ ဆွဲကုတ်ပေးမိသည်။ အခု သူ ဂျောင်ကုကို ခေါင်းလျှော်ပေးနေတာဖြစ်သည်။ ဂျောင်ကုကို သူချစ်နေမှန်း သိပြီးကတည်းက ဂျောင်ကုရဲ့အရာရာကို သူသာပိုင်စိုးချင်သည်။ ဂျောင်ကုရဲ့အသိတရားတွေထဲမှာလဲ သူ့ကို အားကိုးရာ အားထားရာလို့ ယုံကြည်စေချင်သည်။

" သိသွားရင် ကျွန်တော်က အကျင့်မကောင်းတဲ့သူကြီးဖြစ်နေမှာ စိုးတယ်  ... "

မျက်တောင်လေးတွေ ပုတ်ခတ်ရင်း ဂျောင်ကုမေးလာပြန်တော့ သူ mixer tapကို ဖွင့်ကာ ဆပ်ပြာအမြှုပ်တွေနဲ့ နင့်နေပြီဖြစ်တဲ့ဂျောင်ကုရဲ့ဆံနွယ်တွေကို ရေနဲ့ အရင်ဆေးကြောလိုက်မိသည်။

" ဂျောင်ကု-ah ... အဲ့ဒီလိုမတွေးရဘူးလေ ကိုကိုတို့က မဟုတ်တာလုပ်နေကြတာမှ မဟုတ်တာ ...  ထားပါတော့ မနက်ဖြန် ခရီးသွားမယ့် အကြောင်းကိုပဲ တွေးထား ... ပြီးတော့ ကိုကို့ကို ယုံတယ်မလား "

သူမေးတော့ ဂျောင်ကုက ခေါင်းညိတ်သည်။

" အင်း ကျွန်တော် ကိုကို့ကို ယုံတယ် "

The LANGUAGE of EYES【Completed】Wo Geschichten leben. Entdecke jetzt