[ 16 ]

1.2K 233 45
                                    

⟨ Unicode Version ⟩
* မျက်ဝန်းတွေရဲ့ဘာသာစကား *
အပိုင်း ၁၆

  ကော်ဖီခွက်ကို လက်ညှိုးလေးနဲ့ တို့ထိရင်း တစ်ယောက်ယောက်အလာကို သူထိုင်စောင့်နေမိသည်။ သူ့ရှေ့အောက်မှာ သွားလာလှုပ်ရှားနေတဲ့ကြတဲ့ ကားတွေရဲ့ မြင်ကွင်းကို  ကြည့်နေရင်း အခန်းတံခါးဖွင့်သံအပြင် ခြေသံပါးပါးလေးကို ကြားလိုက်ရသည်။ သူ စောင့်နေခဲ့တဲ့သူမ နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အပေါ်စီးကနေမြင်နေရတဲ့ဆိုးလ်ရဲ့အလှတွေကနေ သူအကြည့်လွှဲကာ တိတ်ဆိတ်သွားတဲ့ ခြေသံပိုင်ရှင်ကို မော့ကြည့်မိသည်။

" မတွေ့ရတာကြာပြီပဲ မမ "

ခပ်အေးအေးစကားကို ဆိုလေတော့ တောက်ပပြီးဝမ်းနည်းနေတဲ့ မမမျက်ဝန်းတွေက ဖျော့တော့လာသည်။

သိပ်လှတဲ့ နှုတ်ခမ်းလေးကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူ့ရင်အုံက ဆစ်ကနဲ့ ~~~။  ဒါ သူ ဒုတိယအကြိမ် မမကို မြင်ဖူးခြင်းဖြစ်သည်။ တစ်နည်းပြောရရင် သူလက်ထပ်ထားတဲ့မိန်းကလေးတစ်ယောက်ကို ဒုတိယအကြိမ်မြင်ဖူးခြင်းပင်။

" ဂျောင်ကု~~ "

" ထိုင်ပါ "

ထိုင်ဖို့ခွင့်ပေးမိတော့ မမက သူ့အရှေ့တည့်တည့်ဝင်ထိုင်သည်။ ဗိုက်ဖောင်းဖောင်းလေးက မသိမသာထွက်နေပေမယ့် မမကတော့ သိပ်လှနေသည်။ ဆေးရုံရဲ့ဂျူတီကုတ်အပေါ်မှာတော့ ကင်ဆူဂျင်းဆိုတဲ့နာမည်လေးက ထင်းကနဲ့ ...။ ကိုကိုသာ သူနဲ့မတွေ့ဆုံခဲ့ဘူးဆိုရက် မမလိုမျိူး ဖြစ်ကောင်းဖြစ်နိုင်လောက်ရဲ့။

" ... သိပြီးပါပြီ ... မင်းနဲ့ဆော့ဂျင်ရဲ့ဆက်ဆံရေးတွေအပြင် ဒယ်ဒီနဲ့မင်းနဲ့ ပတ်သက်မှုအကြောင်းတွေကို ... ပြီးတော့ .. ဝန်ခံစရာလည်းရှိတယ် "

တုန်လှုပ်ခြင်းတွေရောယှက်နေတဲ့ မမက သူ့ကို အရင်အစပျိုးပေးလာတော့ သူခေါင်းညိတ်လိုက်မိသည်။

" ... ကျွန်တော် မမနဲ့တွေ့ဖို့စီစဉ်ခဲ့တာ မမရဲ့လှည့်စားမှုတွေကို ဝန်ခံခိုင်းဖို့မဟုတ်ဘူး "

The LANGUAGE of EYES【Completed】Where stories live. Discover now