[ 33 ]

1.6K 194 53
                                    

⟨ Unicode Version ⟩
အပိုင်း ၃၃

လေးလံနေတဲ့မျက်ခွံတွေကို သူပင့်တင်ဖို့ကြိုးစားကြည့်နေမိသည်။ ခပ်ဟဟလေးဖြစ်လာတဲ့အမြင်အာရုံဝိုးတဝါးတွေထဲမှာ သွေးသံတရဲရဲနဲ့ဓားကိုဖမ်းဆုပ်ထားခဲ့တဲ့ကောင်ငယ်လေး။

စိုးရိမ်စိတ်နဲ့အတူ တဒိတ်ဒိတ်ခုန်လာတဲ့ရင်ဘတ်ကြောင့် မောဟိုက်လာလေလျှင် ထပ်မလုပ်စေရန်တားမြစ်ဖို့အတွက် အားကုန်ရုန်းကာ မျက်ဝန်းတွေကို ဖွင့်လိုက်မိသည်။

“ !!! ”

လင်းလင်းရှင်းရှင်းဖြစ်နေတဲ့မျက်နှာကြက်တစ်ခုနဲ့အတူ အဲယားကွန်းရဲ့လေသံတွေကို သူကြားလိုက်ရသည်။ အဲ့ဒါနဲ့အတူ ထပ်ကြားလိုက်ရတာ သူ အရမ်းစိမ်းသက်နေတဲ့အသံ။

“ နိုးပြီလား ကင်ဆော့ဂျင်ရှီ ”

အသံလာရာကို‌ စောင်းငဲ့ကြည့်မိတော့ ဂျာကင်အနက်ရောင်ဝတ်ထားပြီး နှုတ်ခမ်းမွေးတစ်စိုးတစနဲ့လူလတ်ပိုင်းအရွယ်တစ်ယောက်ကို သူမြင်လိုက်ရသည်။ လက်ထဲမှာတော့ စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းက အဆင်သင့်။


သူ ဘာမှပြန်မဖြေမိဘဲ ဖျော့တော့နေတဲ့မျက်ဝန်းနဲ့ ကြည့်နေမိသည်။ တစ်ဖက်လူကတော့ သူပြန်မဖြေတာကို အရေးလုပ်နေပုံမပေါ်ဘဲ စကားဆက်သည်။

"ဆိုးလ်ရဲစခန်းက စုံထောက်ကင်ဂျယ်ယွန်းပါ ... အောက်လမ်းမဘက်က ဂိုထောင်မှာဖြစ်ပွားခဲ့တဲ့လူသတ်မှုနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းဖို့ စောင့်နေခဲ့တာပါ ... တရားခံလို့ သံသယရှိသူကို ထိန်းသိမ်းထားပေမယ့် မျက်မြင်သက်သေက ကင်ဆော့ဂျင်တစ်ယောက်တည်းရှိနေခဲ့တာမို့လို့ အမှန်တိုင်း ထွက်ဆိုပေးပါ ... ”

ထိုစကားကြောင့် ဆော့ဂျင်မျက်ဝန်းတွေပိုပြီး ဖျော့တော့သွားသလို နှလုံးသားက ဆစ်ကနဲ့။ သူ ဘာကိုမြင်လိုက်ရလဲ မမှတ်မိချင်လောက်အောင် တစ်ကိုယ်လုံးထူပူသွားခဲ့သည်။ ဆောက်တည်ရာမရလောက်တဲ့အထိ အဲ့ဒီ့မြင်ကွင်းကို မယုံကြည်နိုင်လေတော့ သူမျက်ဝန်းတွေကို ပိတ်ချလိုက်မိသည်။

The LANGUAGE of EYES【Completed】Where stories live. Discover now