အရာအားလုံးက ပုံမှန်ရောဟုတ်ရဲ့လား။ ချင်းအာလည်း ခါတိုင်းထက်ပိုပြီး တိတ်ဆိတ်နေတယ်မလား။
ဒါနဲ့ သူတစ်မနက်လေး ဆေးရုံရောက်သွားတာကိုကောင်လေးက ဘယ်သွားလိုက်တာလဲ။
ဥက္ကဌဝမ်ကို မေးကြည့်ရင်တော့ သိလောက် မယ်။
ရှောင်းကျန့်က အခန်းထဲရောက်တာနဲ့ ချက်ချင်းပဲ ဥက္ကဝမ်ဆီ ဖုန်းဆက်လိုက်တယ်။
"ဥက္ကဌဝမ်...ကျွန်တော် ရှောင်းကျန့်ပါ"
"ကိုယ်ရေးကိုယ်တာနဲ့ပက်သတ်ပြီး ဖုန်းပြောလို့ရမလား မသိဘူး"
"အခုက tea timeပဲလေ...ရပါတယ်"
"တစ်မျိုးတော့ မထင်ပါနဲ့...ဥက္ကဝမ် ရိပေါ်ကို အနိုင်ကျင့်တာမျိုးများ လုပ်ခဲ့သေးလား"
"ဒီမှာ...ဒါရိုက်တာရှောင်း ခင်ဗျား ကျုပ်ကို စွပ်စွဲတာတွေများနေပြီလို့ မထင်ဘူးလား"
"အာ...စွပ်စွဲချင်တာမဟုတ်ပါဘူး။ ဥက္ကဌဝမ်အထင်လွဲနေပါပြီ"
တစ်ဖက်က တော်တော်လေးတင်းသွားပုံပဲမို့ ရှောင်းကျန့်က ပြန်လျှော့လိုက်ရတယ်။
"ကျွန်တော်က ရိပေါ် ဥက္ကဌဝမ်ဆီလာသေးလား သိချင်ရုံပါ"
"ဟမ်..ရိပေါ်က ပြန်ရောက်နေပြီလား။ ရန်ချန်းဆီကလည်း ပြောသံမကြားပါဘူး"
"ရိပေါ်က ပေကျင်းမှာမရှိဘူးလား!?"
"လက်စ်ဗေးဂက်စ်မှာလေ"
"ရုတ်တရက်ကြီး...ဘာလို့လဲ!?"
"လေ့ကျင့်ရေး သွားဆင်းတာလို့ပြောတယ်...ပြီးတော့ ရုတ်တရက်ကြီး မဟုတ်...."
ရှောင်းကျန့်က ဖုန်းဘယ်လိုချလိုက် မိလဲတောင်မသိတော့ဘူး။
စိတ်တွေတော့ ပိုပြီးလေးလံသွားတယ်။
ဘာလို့လဲ...အရမ်းအရေးကြီးတာမို့လို့များလား။
တစ်ခုခုတော့ မှားယွင်းမနေလောက်ဘူးမလား။
ချင်းအာက အခန်းပြန်ရောက်တာနဲ့ အထုပ်တွေသိမ်းတော့တယ်။
မသိမ်းလို့လည်းမရဘူး။ သူကနှင်ချခံရပြီးပြီမို့လေ။
အဲ့ဒီနေ့တွေတုန်းက ဘာတွေဖြစ်ခဲ့မှန်းအတိအကျမသိပေမဲ့ သူသိထားတာတွေတော့ အထင်အရှားမှတ်မိနေပါသေးတယ်။
Part - 27
Start from the beginning
