"ရိပေါ်ကို ပြောရဦးမယ်...လာမကြိုဖို့။ ဒီကောင်လေးက ဘာမှမဟုတ်ဘဲ စိတ်ပူနေဦးမယ်"

"မလိုတော့ဘူး ကို...ဝမ်ရိပေါ်ကလည်း ကိုကို့သေချာအနားယူခိုင်းဖို့ ချင်းအာကိုမှာထားတယ်"

'အာ...ဟုတ်သား။ ချင်းအာ...ချင်းအာ'

သူများသာ ရယ်နေဦးမယ်...စေ့စပ်ထားတဲ့အမျိုးသမီးနာမည်များမေ့နေရတယ်လို့။

"ကိုယ်က ဘာဖြစ်လို့အနားယူရမှာလဲ။ အကောင်းတိုင်းပဲ မဟုတ်လား"

"အာ...ကိုယ်က ဒီတလောအလုပ်တွေပိပြီး အားနည်းသွားတာလေ။ ‌အစောကလေးတင် ရုံးခန်းထဲမှာ အိပ်ပျော်သွားတာ အရမ်းကြာနေလို့ ချင်းအာက စိုးရိမ်ပြီး ဆေးရုံခေါ်လာတာ"

"အော ထွေထွေထူးထူးလည်းမဟုတ်ဘဲ...ရိပေါ်လည်း လာသွားတယ်လား"

"အင်း"

"ဒါဆို ပြန်ကြစို့"

"ခဏစောင့်နော်...ချင်းအာ ဆရာဝန်နဲ့စကားသွားပြောလိုက်ဦးမယ်"

ချင်းအာက ထိုသို့ပြောကာ အခန်းထဲကထွက်သွားတယ်။

ရှောင်းကျန့်က ချင်းအာထွက်သွားတာနဲ့ ဖုန်းကိုဖွင့်ပြီး ရိပေါ်ဆီဖုန်းဆက်တယ်။

သို့သော်လည်း ဖုန်းက ဆက်ပိတ်ထားသည်ဆိုတဲ့အသံကလွဲ ဘာမှထွက် မလာ။

'မအားလို့များလား'

အကြောင်းအရင်းသေချာမသိပေမဲ့ ရင်ထဲတော့ လေးလံနေတယ်။

.

.

_______________________

ရှောင်းကျန့်အထင်က တစ်ဝက် မှန်ပြီး တစ်ဝက် မှားနေမှန်း အိမ်ရောက်တော့သိလိုက်ရတယ်။

ရိပေါ်က အိမ်မှာမရှိဘူး။

ရိပေါ်အခန်းကလည်း ရှင်းလင်းနေတယ်။

သေချာပေါက် ရိပေါ်ရဲ့အသုံးအဆောင်တွေရောပေါ့။

ချင်းအာကိုမေးကြည့်တော့ ဘာမှမသိကြောင်းပြောတယ်။

အင်းလေ...သူလည်းဘယ်သိပါ့မလဲ။

ချင်းအာကတော့ ရှောင်းကျန့်ကို အခန်းပို့ပြီး  ပြန်သွားတယ်။

'NOTHING' Where stories live. Discover now