မဟုတ်ဘူးလား...မဖြစ်နိုင်ဘူး...

မဖြစ်နိုင်တာ...လုံးဝပဲ!!!

ဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ!

ဆရာဝန်.... ဆရာဝန်တွေပြောတော့....

.....!!!....

ချင်းအာက အထိတ်တလန့်နဲ့နားမလည်နိုင်ဖြစ်နေတုန်းမှာပဲ တီးတိုးရေရွတ်သံကိုထပ်ကြားလိုက်ရတယ်။

"ငါကရော ဘာလို့ဒီမှာရှိနေရတာလဲ"

ရှောင်းကျန့်က တစ်ယောက်တည်းရေရွတ်ရင်း သူရှေ့က လူဆီအကြည့်ပို့လိုက်တယ်။

ဘာလဲ...ဘာလို့အဲ့လောက် ထိတ်လန့်အံ့ဩနေသလိုဖြစ်နေရတာလဲ။

မျက်စိရှေ့က လူကသူ့မေးခွန်းကိုမဖြေဘဲ ကြက်သေသေနေသလိုဖြစ်တာကြောင့် ရှောင်းကျန့်ဟာ ပိုလို့စိတ်ရှုပ်ထွေးလာတယ်။

နာမည်တပ်ပြီး ခေါ်ဖို့လုပ်ပြန်တော့ ပါးစပ်ဖျားတင်မေ့နေတာက ပိုပြီးစိတ်ညစ်ဖို့ကောင်းတယ်။

တစ်ယောက်ယောက် များလာရှင်းပေးကြပါဦး။

"ကျစ်...ရိပေါ်နဲ့ညစာစားဖို့ချိန်းထားတာကို ဘယ်လိုလုပ် ဆေးရုံရောက်နေရတာလဲကွာ"

"ကို...ကိုဘာပြောလိုက်တာလဲ"

ရှောင်းကျန့်ရဲ့ စကားသံကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတဲ့ ချင်းအာက ပိုပြီး ထိတ်လန့်သွားတယ်။

"အာ...ဟုတ်တယ်။ ရိပေါ်က ညစာစားဖို့ဖိတ်ထားတာလေ"

"..."

"မင်းကိုမပြောရသေးလို့ အားနာပါတယ်။ ဒီညစာတော့ အဆင်ပြေသလိုစားလိုက်လို့ဖြစ်တယ်မလား"

"ကို...ကို လွန်ခဲ့တဲ့နှစ်ည ‌လောက်က ဖြစ်ခဲ့တာကို မမှတ်မိတော့ဘူးလား"

"လွန်ခဲ့တဲ့တစ်ညက?"

ရှောင်းကျန့်ရဲ့အမေးကို ချင်းအာက လေးလေးပင်ပင်ခေါင်းညိတ်ပြတယ်။

အခြေအနေတွေကို သူမတောင်လိုက် မမှီနိုင်တော့ဘူး။

"လွန်ခဲ့တဲ့တစ်ညက ကိုယ် ပရောဂျက်အသစ်တစ်ခုအတွက် မီတင်ထိုင်တယ်လေ"

"..."

"သေချာပါတယ်"

တစ်ဖက်လူက တိတ်ဆိတ်နေတာမို့ ရှောင်းကျန့်ကပဲသေချာကြောင်းထပ်ပြောတယ်။

'NOTHING' Donde viven las historias. Descúbrelo ahora