ရှောင်းကျန့်ကောက သူ့ကိုအရင်ပြန်ခိုင်းခဲ့ပေမဲ့ သူ မပြန်ခဲ့ဘူး။ ရှောင်းကျန့်ကောနောက်ကနေ အသာအယာလိုက်သွားမိတယ်။
သူထင်တာ ရှောင်းကျန့်ကောက ဝမ်ရိပေါ်ဘက်ကို လုံးဝပြန်ပါနေခဲ့ပြီလို့ပေါ့။
ဒါပေမဲ့ သူ မထင်မှတ်ထားစွာဘဲ အခြေအနေတွေက ခန့်မှန်းရခက်ခဲ့တယ်။
သူမ နားမလည်နိုင်ဘူး။
သူတို့နှစ်ဦးကြားမှ ဘာအကြောင်းအရာမှရေရေရာရာ မထွက်လာပါဘဲ ဝမ်ရိပေါ်က နာကျင်နေတဲ့ မျက်ဝန်းတွေနဲ့ ထွက်သွားခဲ့တယ်။
သူချစ်ရတဲ့သူကတော့ နေရာမှတင် လဲကျသွားတာကြောင့် ကျန်တာ ဘာမှဆက် မတွေးနိုင်ဘဲ ဆေးရုံကားခေါ်ရတယ်။
ဆရာဝန်ကတော့ ခံစားချက် များလွန်းတာကြောင့် ဒီအခြေအနေထိဖြစ်သွားတယ်လို့ပြောတယ်။
သူမကတော့ ရင်နာရတာပဲ။
ရှောင်းကျန့်ကောက အရင်တုန်းကရှောင်းကျန့်မဟုတ်တာတောင် ဝမ်ရိပေါ်နဲ့ ပက်သတ်တဲ့ခံစားချက်ဟာ ဒီလောက်တောင်မှတဲ့လား။
၆နှစ်ကျော်ကြိုးစားခဲ့တဲ့ သူကတော့ ဘာမှတောင်ဟုတ်မနေဘူး။
အသိအမှတ်မပြုခံရတဲ့ ချစ်ခြင်းတွေဟာ ဖြေဆေးရှိတဲ့အဆိပ်လို့ပဲ သူမက သတ်မှတ်တယ်။ ဖြေဆေးကတော့ ရှောင်းကျန့်ဆိုတဲ့ အမျိုးသားဖြစ်တယ်။
အခုအဲ့အဆိပ်က သူမကို မသေရုံတမယ် ညှင်းပမ်းထားသလိုမျိုးပေါ့။ သေလည်းမသေနိုင်ဘူးလေ။ သူမရဲ့ ရှင်သန်ရာ ဒီအမျိုးသားလေးက လက်တစ်ကမ်းစာမှာပဲရှိနေတာကို။
ဒီလောဘတက်စရာလေးကိုတော့ သူမက မြတ်နိုးမိတယ်လေ။
ဒီအဆိပ်ကို ကြောက်ရင် အစောကြီးကတည်းက ဒီဇာတ်ကိုကခဲ့မှာမဟုတ်ဘူး။
.
.
.
၂ရက်ဆက်တိုက်သတိမေ့နေပြီးနောက် မှာတော့ သူမချစ်ရတဲ့သူက သတိရလာခဲ့တယ်။
ထူးဆန်းတဲ့အပြုအမူတွေကြောင့် အတိတ်ကို ပြန်သတိရသွားပြီလို့ထင်ခဲ့တယ်။
ဒုတိယအကြိမ် သိပ်ကိုတုန်လှုပ်သွားခဲ့ခြင်းပေါ့။
အဆိပ်ကိုမကြောက်ခဲ့ပေမဲ့ သူမရဲ့ဖြေဆေးလေးပျောက်သွားမှာ ကိုတော့ သိပ်ကိုကြောက်ပါတယ်။
ဒါပေမယ့် မိုးနတ်မင်းက သူမကို ဆက်ပြီးရှင်သန်စေချင်တယ်ထင်ပါရဲ့။
ရှောင်းကျန့်ကောက အတိတ်ကိုမမှိတ်မိတဲ့အပြင် လွန်ခဲ့တဲ့နှစ်ရက်က အဖြစ်အပျက်ကိုပါ မေ့သွားခဲ့တယ်။
သူမအတွက်တော့ ဝမ်းသာစရာဆိုပေမဲ့ ရှောင်းကျန့်ကောဆီမှာတော့ တစ်ခုခုမှားယွင်းနေမှာစိုးရိမ်ပါတယ်။
ဆရာဝန် ခံစားချက်ပြင်းထန်မှုရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဉ်တစ်ခုလို့ပြောပေမဲ့ တစ်ခါတစ်လဲလဲထပ်မဖြစ်စေဖို့မှာတယ်။
မဖြစ်ဘူး...ရှောင်းကျန့်ကောကို ပြည်မကြီးမှာဆက်ထားလို့မဖြစ်တော့ဘူး!!
ဖြစ်နိုင်ရင်တော့ အားလုံးနဲ့အဝေးဆုံးမှာထားချင်တယ်။
သူမရဲ့အစီအစဉ်ကို တဖြေးဖြေးနဲ့အကောင်အထည်ဖော်ရမယ်။
အခုလောလောဆယ် ဝမ်ရိပေါ်လည်း ရှောင်းကျန့်အနားမှာမရှိတော့တဲ့အတွက် သူမအိမ်ပြောင်းရလည်း ပြဿနာတော့မရှိဘူးဖြစ်တယ်။
ဝမ်ရိပေါ်ဘယ်သွားလဲ သူမ မသိပေမဲ့ သိပ်မကြာသေးခင်တုန်းက သူမ နေနေတဲ့ဝမ်ရိပေါ်အခန်းကို ကိုယ်စားလှယ်နဲ့ ဝယ်သူတွေရောက်လာတယ်။ ဒီတိုက်ခန်းက အရောင်းတင်ထားတာမို့ သူမကိုအမြန်ဆုံးဖယ်ပေးဖို့ပြောလာတယ်။
ကြည့်ရတာ အဲ့ဒီနေ့က သူမနားမလည်လိုက်တဲ့အဖြစ်အပျက်ကြောင့် ဝမ်ရိပေါ်က အဆက်အသွယ်ဖြတ်သွားတယ်လို့ ယူဆတယ်။
သူမ အတွက်တော့ အများကြီးအဆင်ပြေသွားတာပေါ့။ ဒီတလောတော့ သူမလည်း ရှောင်းကျန့်ကို ခပ်ခွာခွာကနေပဲစောင့်ကြည့်ဖို့ဆုံးဖြတ်ထားတယ်။
ဆရာဝန်ကတော့ မဖြစ်နိုင်ဘူးပြောထားပေမယ့် ရှောင်းကျန့်ကောက အတိတ်တွေပြန်သတိရလာမှာ စိုးတာကြောင့် တစ်ယောက်တည်း စိတ်လက်သက်သာစွာနေနိုင်အောင် အဝေးကပဲ စောင့်ကြည့်ချင်တယ်။
အမှန်တိုင်းဝန်ခံရရင်တော့ သူမ ကိုယ်တိုင်က ရှောင်းကျန့်အနားကို မသွားရဲသေးတာဖြစ်တယ်။
သူမရဲ့ သူရဲဘောကြောင်ခြင်းတစ်မျိုးပေါ့လေ။
••••••••••••••••••••••••••••••••••••••••••••••••••
Note: Happy 25th Birthday Wang Ar!♡
ကောင်လေးမွေးနေ့မှာ မလောင်ရစေဖို့ ပိုတေးတိုးလေးလည်း ရေးပေးထားပါတယ်။
ချစ်တယ်နော် ဟဲဟဲ(~ ̄³ ̄)~
Part - 27
Comenzar desde el principio
