“ ဖြစ်နိုင်ပါတယ်...ဒါပေမဲ့ အိပ်ချင်‌ယောင်ဆောင်တဲ့သူက နိုးရခက်သလိုပဲ...သူတို့လို ခံစားချက်ရောထွေးပြီး ဘာမှနားမလည်တော့တဲ့ ငတုံးတွေက ဘယ်လိုလုပ် သူတို့ရဲ့ခံစားချက်အစစ်မှန်ကိုရှာတွေ့ပါတော့မလဲ ? ”

“ ဒါက နည်းလမ်းမရှိတာတော့မဟုတ်ပါဘူး...သူတို့ကိုယ်တိုင်နားမလည်ရင် ပတ်ဝန်းကျင်ကလှုံ့ဆော်ပေးလိုက်ရုံပေါ့ ”

“ နင်ဘာလုပ်မယ်စဉ်းစားထားလဲ ? ”

ဟီယူ အနည်းငယ်စဉ်းစားဟန်ပြုလိုက်သည် ။

“ CP Fanclub ထောင်ကြတာပေါ့...သူတို့နှစ်ယောက်ရဲ့ မြေကြီးပိတ်နေတဲ့နှလုံးသားကိုဆေးကြောဖို့ ဒီနည်းကအကောင်းဆုံးပဲ ”

(CP = couple)

“ အိုး...ဘယ်နေ့စလုပ်ကြမလဲ ? ငါလည်းပါမယ်...မဟုတ်ရင် ဒီတစ်သက်လုံး ငါ့အစ်ကိုငတုံးက သူ့ခံစားချက်သူသိမှာမဟုတ်ဘူး ”

“ အခုပဲစကြတာပေါ့...အိုးကမပူပဲစလောင်းဖုံးက ပူနေရတယ် ”

“ ကောင်းပြီ ”

မကြာလိုက် ရှင်းဟွာကျောင်း၏ဖိုရမ်တွင် CP Fanclub ကြီးတစ်ခုပေါ်ပေါ်လာသည် ။ ၎င်းက ရှင်းဟွာကျောင်း၏ စံပြကျောင်းသားအယ်လ်ဖာနှစ်ယောက်အား CP အဖြစ်ခေါင်းစဉ်တပ်ထားသည် ။ Fanclub နာမည်လေးကလည်း ထူးခြားလှသည် ။

“ မဝေးတော့မဲ့ Aနှစ်ယောက်ချစ်ခြင်း ”တဲ့ ။ ရှင်းဟွာရှိ ကျောင်းသူ၊ကျောင်းသားတို့သည် ၎င်းfanclub အားမည်သူထောင်လိုက်မှန်းမသိသော်ငြား ၎င်းကစံပြကျောင်းလူဆိုးနှစ်ယောက်၏‌ အောက်ခြေသည်းကိုထိပါးနေသည်ဖြစ်တာကြောင့် ပြဿနာရှာခံရမည်ကိုစိုးရိမ်နေသေးသည် ။ Fanclub ၏ပထမဆုံးစာမျက်နှာတွင် တင်ထားသည့်ပိုစ့်သည်ကား

မဝေးတော့မဲ့ Aနှစ်ယောက်ချစ်ခြင်း : ဒါက အားလုံးထင်တဲ့အတိုင်း စံပြကျောင်းလူဆိုးနှစ်ယောက်အတွက် CP Fanclub ဖြစ်ပါတယ်...စိတ်ဝင်စားတဲ့သူတွေက ဝင်ရောက်နိုင်တယ်နော်...ဒီလိုရုတ်တရက်ပြုလုပ်လိုက်တဲ့အတွက် အဲ့ဒီAနှစ်ယောက်ကို မကြောက်ဘူးလားဆိုတော့...လုံးဝကိုမကြောက်ပါဘူး...ကြောက်ဖို့လည်းမလိုပါဘူး...ဒါကြောင့် စိတ်ဝင်စားသူတွေကိုဖိတ်ခေါ်တယ်နော် Kiss Kiss =3=

Compatible Pheromones |TK|✓Where stories live. Discover now