“ တစ်ခုခုလိုလို့လား ? ”

“ ဟင့်အင်း...ငါမင်းကိုပေးစရာရှိလို့ အထဲဝင်ရအောင် ”

“ အိုး...လာလေ ”

ဂျောင်ကုကလမ်းဖယ်ပေးလိုက်သည်နှင့် ထယ်ယောင်းက ဂျောင်ကုအခန်းထဲသို့ လေ၏အလျင်ကဲ့သို့ ဝင်သွားသည် ။

“ ရေချိုးပြီးပြီပေါ့ ”

ထယ်ယောင်းက ပေးစရာရှိသည်ကိုမပေးပဲ စကားပလ္လင်ခံနေသည် ။

“ အခုလေးတင် ချိုးပြီးတာ ”

“ အင်း...ဟိုလေ ငါတို့အခန်းပြောင်းမဲ့ကိစ္စ...”

စာမေးပွဲမဖြေစဉ်ကတည်းက အခန်းပြောင်းရန်ကိစ္စကို သူတို့ပြောဖူးသည် ။ ထယ်ယောင်းက အပန်းဖြေခရီးမှပြန်လာလျှင် ပြောင်းမည်ပြောထားသော်လည်း ဂျောင်ကုကအစမဖော်တာကြောင့် ဂျောင်ကုမေ့နေပြီဟုတောင် ထယ်ယောင်းထင်သည် ။ သို့သော်...

“ ငါအဲ့ကိစ္စကိုစဉ်းစားပြီးသွားပြီ...မင်း ငါ့အခန်းကိုပြောင်းခဲ့ပါလား ? ”

“ ပြဿနာမရှိပါဘူး...အဆောင်မှူးကိုပြောပြီးရင် တစ်ရက်အတွင်းပြောင်းလို့ရတယ်လေ ”

“ အင်း...ခဏထိုင်ပါဦး မတ်တပ်ရပ်မနေနဲ့ ”

ဂျောင်ကုကထိုင်ခိုင်းထားကြောင့် ထယ်ယောင်းလည်း တစ်လုံးထဲရှိသည့်ခုံပေါ်တွင်ထိုင်လိုက်သည် ။ ထယ်ယောင်းထိုင်လိုက်သည်နှင့် ဂျောင်ကုက ခိုးဝှက်ထားသည့် သုံးမိနစ်ရေနွေးအိုးကို ထုတ်ယူလာကာ ရေနွေးတည်လိုက်သည် ။ အသံသိပ်မကျယ်တာကြောင့် ပိုအဆင်ပြေသည်ပြောရမည် ။ မဟုတ်လျှင် အတိုင်ခံရဦးမည်ဖြစ်၏ ။

“ ငါ့မှာ အသင့်ဖျော်ကော်ဖီတစ်ချို့ရှိသေးတယ်...မင်းသောက်ချင်လား ? ”

ပုံမှန်ဆိုလျှင် ကော်ဖီသောကရသည်ကိုမကြိုက်သည့် ထယ်ယောင်းက ဂျောင်ကုကိုမငြင်းချင်တာကြောင့် ခေါင်းညိတ်လိုက်သည် ။

“ အင်း...သောက်မယ် ”

“ မင်းမသောက်ချင်ရင် ကိုယ့်ကိုယ်ကိုယ်အတင်းဖိအားပေးစရာမလိုဘူးနော်...အခုက အသင့်ဖျော်ကော်ဖီပဲရှိလို့...နောက်ကျရင်တော့ hot choco ဝယ်ထားပေးမယ် ”

Compatible Pheromones |TK|✓Where stories live. Discover now