တစ်ကိုယ်ကောင်းဆန်စွာဖြင့်ပင် ဂျောင်ကုအဖော်မရှိသည်ကိုကြည့်၍ သူပျော်ခဲ့မိသေးသည် ။ ပြန်စဉ်းစားကြည့်လျှင် သူတကယ်ကို မကောင်းတဲ့သူဖြစ်ခဲ့သည်ပင် ။ ဂျောင်ကု၏ခံစားချက်တို့အား လုံးဝထည့်မတွေးခဲ့ ။ အနှီအဖြစ်အပျက်ကြောင့် ဂျောင်ကုဝမ်းနည်းသွားသည်ထင်၏ ။ ၎င်းနောက်ပိုင်းမှစ၍ အတန်းခရီးစဉ်အား ဂျောင်ကုဘယ်‌တော့မှ လိုက်ပါခြင်းမရှိတော့ ။ အဲ့တုန်းကတော့ ဂျောင်ကုမပါလေ ကောင်းလေဟုပင် ထယ်ယောင်းတွေးခဲ့ဖူးသည် ။

(Sue - ဒါက ယောင်းကိုလည်းအပြစ်ပြောလို့မရပြန်ဘူး...အဲ့တုန်းက ငယ်လည်းငယ်ကြသေးတော့လေ ...လူဆိုတာက အဲ့တိုင်းပါပဲ ကိုယ်နဲ့မတည့်တဲ့သူ ဒုက္ခရောက်တာကိုတွေ့ရင်တောင် လျစ်လျူရှုပစ်လိုက်တာမျိုးပေါ့ )

ထယ်ယောင်းက လူတိုင်းနှင့်တစ်သီးတစ်ခြားနေသော်လည်း လူမှုဆက်ဆံရေးလောက်ကိုတော့နားလည်သေးသည် ။ ထို့ကြောင့် သူ့တွင်ဂျောင်ကုကဲ့သို့ အထီးကျန်ဆန်ခြင်းမျိုးမရှိခဲ့ ။

“ ငါနဲ့မထိုင်ချင်လို့လား ? ”

ထယ်ယောင်းတိတ်နေတာကြောင့် ဂျောင်ကုကမေးလာသည် ။ ထယ်ယောင်းလည်း ဂျောင်ကုအား အရင်လိုမခံစားစေချင်တော့တာကြောင့် အတိတ်အကြောင်းရာများ တွေးနေသည်ကိုရပ်တန့်ကာ အလျင်မြန်ပြန်ဖြေလိုက်သည် ။

“ မဟုတ်ပါဘူး...ငါအတွေးလွန်သွားလို့ပါ...ငါမင်းနဲ့တူတူထိုင်ပါ့မယ် ”

“ အွန်း...ဒါဆို ကောင်းသောညပါ မနက်ဖြန်မှတွေ့မယ် ”

“ ကောင်းသောညပါ ”

ထယ်ယောင်းပြန်လည်နှုတ်ဆက်လိုက်ပြီးနောက်တွင် ဖုန်းချလိုက်သည် ။ ထို့နောက် အိပ်ရာဘေးရှိစားပွဲအံဆွဲထဲတွင် ထည့်ထားသည့် ဘူးလေးတစ်ခုအားထုတ်ယူလိုက်သည် ။ ၎င်းက မေမေကင်မ်နှင့်အတူဈေးဝယ်ထွက်စဉ်က ဝယ်လာသည့် ‌ဆပ်ကပ်ကနေသည့် ဝေလငါးဆွဲကြိုးလေးပင် ။

ဆွဲကြိုးလေးက နှစ်ခုပါတာကြောင့် တစ်ခုကိုဂျောင်ကုအားပေးရန် ထယ်ယောင်းစဉ်းစားမိသည် ။ ဒါက သူငယ်ချင်းဖြစ်ကြောင်း အသိအမှတ်ပြုသည့်သဘော သက်ရောက်သည်ပဲမလား ။ တစ်ခြားသူငယ်ချင်းတွေလည်း ဒီလိုစုံတွဲပစ္စည်းလေးတွေရှိကြတာပဲလေ ။

Compatible Pheromones |TK|✓Where stories live. Discover now