အပိုင်း - ၃

Start from the beginning
                                    

ဝတ်ဆင်ထားသည့်ဝတ်စုံမှာ လည်ပင်းနှင့် လက်ကောက်ဝတ်အောက်ဖျားလေးများတွင် အတွန့်လေးများပါသည့် တော်ဝင်ဝတ်စုံဒီဇိုင်းမျိုးဖြစ်တာကြောင့် မင်းသားတစ်ပါးဟု ပြောလျှင်တောင် မယုံမည့်လူ ရှိမည်မဟုတ်ပေ။

ထိုလှပသောလူသားကား မိမိ၏ ကမ္ဘာပေါ်တွင် အမြတ်နိုးရဆုံး လူသားတည်း။

သူ ရောက်ရှိနေကြောင်း မသိ‌အောင် ဖြည်းညင်းစွာ အနားကိုတိုးသွားပြီး နှစ်ယောက်ကြား၌ ၂လက်မလောက်ကွာတော့ခါမှ ထိုလူသား၏ခါးကို လက်နှစ်ဖက်ဖြင့် Mitchell အသာဖက်ပစ်လိုက်၏။ထိုအခါ ဖက်လိုက်မိသော သေးသွယ်လွန်းသော ခါးလေးက မိမိကိုယ်တိုင်၏ခါးကိုတောင် ပြန်ဖက်၍ ရနိုင်သယောင်ပင်။

သူဖက်လိုက်သော်လည်း တစ်ချက်မျှ လန့်သွားပုံမပေါ်ဘဲ အပြုံးမပျက် သီချင်းဆက်ညည်းနေသော ထိုလူကြောင့် Mitchell အနည်းငယ် မကျေနပ်သွားရသည်။ဘယ်သောအခါမှ ထိတ်လန့်ခြင်းကို မပြတတ်သည့် ထိုလူသားက ကြောက်ရွံ့ခြင်းဆိုသည်မှာ ဘယ်အရာဟုပင် သိပုံမပေါ်ပေ။သီချင်းဆက်ဆိုနေပုံထောက်ရင် အဝင်ဝကတည်းက သူရောက်နေသည်ကို သိနေသည့်ပုံပါပင်။

Mitchellပြုံးလိုက်ရင်း ထိုလူ၏ပခုံးပေါ်၌ ပါးအပ်ကာ မွှေးပျံ့ပြီး သူ့အတွက် လုံခြုံမှုကို ပေးနိုင်သော ရနံ့လေးအား ရှူရှိုက်လိုက်သည်။ယောက်ျားဆန်လှသော အနှီရနံ့သည် တစ်ချိန်တည်းမှာပင် နွေးထွေးမှုကိုပါ ပေးစွမ်းနေကာ ရရှိသူ၏စိတ်ကို အပန်းပြေစေ၏။

ညင်သာသော လေညင်းလေးများက ၎င်းတို့၏တာဝန်အတိုင်း ဆက်လက်တိုက်ခတ်နေပြီး ရဲရဲတောက် အနီရောင်ပန်းခင်းကြီး၏အလယ်တွင် တည်ရှိနေသော လူသားနှစ်ယောက်သည် တောက်ပသော နေရောင်ခြည်အောက်၌ ကျက်သရေရှိစွာ လှပလို့နေသည်။

အေးချမ်းစွာ တိုက်ခတ်နေသောလေညင်းများ ရပ်သွားသည့်အခိုက်၊ သာယာသော သီချင်းသံစဉ်လေးကလည်း အတူတကွ ရပ်တန့်သွားကာ ထိုလူသားသည် နူးညံ့သောအပြုံးတစ်ခု ဆင်မြန်းလျက် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာလေသည်။

"Good evening..my baby"

ထွက်ပေါ်လာသည့် ဩရှရှအသံတွင် အလွန်ပင် ချစ်မြတ်နိုးသော အငွေ့အသက်များ ပါဝင်နေကာ နှုတ်ဆက်ခံလိုက်ရသော လူအား ချက်ချင်းလက်ငင်း အပြုံးများ ဖြစ်တည်စေ၏။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now