[ ဘာများထပ်ပြီး ဆွေးနွေးစရာရှိသေးလို့လဲ OPရူးများသွားပြီလား ကျန်းမော့ချန်ကိုနောက်လိုက်လုပ်ခိုင်းပြီး ယန်းချင်းချီကို အဓိကခေါင်းဆောင်နေရာပေးဖို့ ပရိုဂရမ်အဖွဲ့က တစ်ခန်းလွတ်နေမယ်လို့များထင်နေတာလား ယန်းချင်းချီက အဲ့ Variety Show ဒါရိုက်တာရဲ့ အသက်သခင်ကျေးဇူးရှင်မို့လို့လား တကယ်လို့ ယန်းချင်းချီက အဲ့ပရိုဂရမ်ဒါရိုက်တာရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ ထားပါတော့ ကျန်းမော့ချန်ကရော ငတုံးကြီးမို့လို့လား မကြည်ဖြူပဲ ဒီလိုလုပ်ချင်ရာလုပ် မင်းနောက်လိုက်မယ် မင်းပြောသလိုလုပ်မယ်ဆိုတဲ့ ဇာတ်ညွှန်းကြီးကို မျက်စိမှိတ်သဘောတူပါ့မလား လုပ်မနေနဲ့ ဘာဇာတ်ညွှန်းမှမရှိဘူး ယန်းချင်းချီကိုက အရမ်းတော်လွန်းနေတာ ကျန်းမော့ချန်က အဲ့အပိုင်းတွေသိပ်မကျွမ်းတော့ ဟိုကပဲတစ်လမ်းလုံးဦးဆောင်သွားတာ သူများအဖွဲ့တွေနဲ့ယှဥ်ရင် နှစ်ယောက်စလုံးက အတိုင်အဖောက်ညီနေတော့ အားလုံးလျှောလျှောရှုရှူဖြစ်သွားရုံတင်  ]

[ အပေါ်ထပ်ပြောတာ ထောက်ခံတယ် ကျန်းမော့ချန်က ရွှေတွင်းရှိတဲ့ လူချမ်းသာသခင်လေးလို့ အမြဲတမ်းrumorထွက်နေကျမဟုတ်ဘူးလား သရုပ်မဆောင်ဘူးဆိုရင်တောင် သူ့အိမ်သူပြန်ပြီး မိသားစုအမွေဆက်ခံလိုက်လို့ရတယ် အဲ့တော့ ဒီshowထဲဝင်ပါတယ်ဆိုတာကလည်း စိတ်အပန်းဖြေချင်လို့ ရှုခင်းကြည့်ချင်လို့ ခရီးထွက်ချင်လို့ ဝင်လာတာဖြစ်လိမ့်မယ် သူ့အတွက် တောင်တက်လမ်းတွေနဲ့ မရင်းနှီးတာက ပုံမှန်ပါပဲ ]

[ အမှန်ပဲ နင်တို့သေချာကြည့်ကြည့် ယန်းချင်းချီရဲ့ မြေပုံကြည့်နိုင်စွမ်းတွေ လမ်းတွေကိုအလွဲအမှားမရှိ မှတ်မိနေတာတွေ ဘယ်လမ်းရွေးသင့်တယ်၊မရွေးသင့်ဘူးဆိုတဲ့ ဝေဖန်ပိုင်းခြားပြနိုင်စွမ်းတွေ တဲဆင်ပြတဲ့အလျင်တွေ ဘယ်လိုကြည့်ကြည့် သူအရင်ကလုပ်ဖူးတယ် တောင်တက်ဖူးတယ် တောထဲတောင်ထဲနေဖူးတယ် ကျန်းမော့ချန်လုပ်ပုံကိုင်ပုံကိုကြည့်ကြည့် သူတခါမှမလုပ်ဖူးဘူး ဒါကြောင့် ယန်းချင်းချီလုပ်သမျှ လိုက်ထောက်ခံနေတာ  ]

[ မလုပ်ဖူးတာက သူ့အတွက် ပုံမှန်ပါပဲ နင်တို့အိမ်တော်သခင်လေး အခုမှတဲထိုးဖူးတာ အိမ်မှာ ပန်းကန်တောင်ဆေးတတ်ရဲ့လားဟယ် ]

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now